Part-6

465 29 0
                                    

မျက်နှာပေါ်ကို
ကျလာတဲ့နေရောင်ကြောင့်
ဆက်အိပ်လို့မဖြစ်တော့မှန်း
သိခဲ့သည်။

နိုးသည်နဲ့ နှာခေါင်းထဲရောက်လာသော
မွှေးကြိုင်လွန်းသည့် အနံ့

နောက်ကျိနေသော ခေါင်းနဲ့
ခပ်နွေးနွေးဖြစ်နေသော
ကိုယ်ခန္ဓာအပူချိန်ကြောင့်
ဖျားနေပြီဖြစ်ကြောင်းသိလိုက်သည်။

အားယူ၍ ထကာ
အခန်းတွင်း ဝေ့ဝိုက်ကြည့်မိသည်။

ကျွီ~~~~~~

တံခါးဖွင့်သံနဲ့အတူ
ထွက်လာသော အသံ

"မြတ်နိုး နိုးလာပြီလား"

"ငါဘယ်ရောက်နေတာလဲ
သူရ"

"ငါ့အိမ် မနေ့က နင်ငိုပြီး
သတိလစ်သွားလို့
ငါ ငါ့အိမ်ပဲခေါ်လာခဲ့တာ
နင့်အိမ်ကို ငါMessageပို့ထားတယ်
လ၀န်းတို့လဲ ရောက်နေပြီ
နင်အိပ်နေလို့ ဧည့်ခန်းမှာ ထိုင်နေတယ်"

"မနေ့ကလဲ နင်တစ်ညလုံး
အဖျားတက်နေတာ
တော်သေးတာပေါ့
အဖျားနည်းနည်းကျသွားလို့"

နှဖူးအား စမ်းလျက်
သူရကထိုသို့ဆိုသည်။

"တီလေးတို့ ဖုန်းဆက်သေးလား"

"အွန်း ဆက်တယ် ငါ လ၀န်းတို့ဆီမှာ
နင်အိပ်တယ်လို့ပဲ ပြောထားတယ်"

"ငါ နင့်အတွက် ဆန်ပြုတ်
လုပ်လာတယ် ဆေးသောက်လို့ရအောင်
အရင်သောက်လိုက် အာ"

"ရပါတယ် ငါ့ဘာသာသောက်ပါ့မယ်"

"ငါပါးစပ်ဟဆိုဟလိုက်နော်"

သူရဟာ တစ်ဇွန်းချင်း
စိတ်ရှည်စွာခွံ့ကျွေး၍
ဆေးတိုက်ခဲ့သည်။

"ဆု နိုးလာပြီလား
သက်သာရဲ့လား"

"အွန်း သက်သာတယ် လ၀န်း"

"ငါ ဘယ်လောက်တောင်စိတ်ပူ
သွားလဲသိလား သူရဖုန်းဆက်
ပြောတော့ ငါတန်းပြေးလာတာ"

မြတ်ပွင့်ရဲ့မျက်နှာမှာ
စိုးရိမ်မှုတွေဟာအပြည့်
ထင်ဟပ်လျက်

"တောင်းပန်ပါတယ် မြတ်ပွင့်
ငါ ဘာမှမဖြစ်ပါဘူး နည်းနည်း
‌ဖျားရုံပါ"

"အဲ့ကြောင့် ဘာလို့အဲ့လောက်
အပင်ပန်းခံပြီးလုပ်ပေးလဲ
စိတ်တိုစရာကောင်းအောင်"

အချစ်ဦးOù les histoires vivent. Découvrez maintenant