Part -14

355 20 4
                                    

အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့
ခက်တာက လူတွေပဲ
အချစ်ကိုဘ၀တစ်ခုလို
ကိုးကွယ်ချင်နေကြတာ

အဲ့ထဲမှာကိုယ်လိုမိန်းမ မပါဘူး
တကယ်တော့လောကမှာ
အရေးကြီးဆုံးက ပိုက်ဆံနဲ့အာဏာပဲ

အမှန်ပြောရရင် ကိုယ်ကဗီလိန်နေရာ
နေရပေမဲ့ ဖြူဖြူနုနုပန်းလေးတစ်ပွင့်ကို
ချနင်းဖို့အထိစိတ်ကူးမရှိပါဘူး
ကိုယ့်လမ်းကိုယ်ပဲလျှောက်ခဲ့တာ

ဒါပေမဲ့အဲ့လမ်းမှာ လှလှပါချည်ရဲ့
ဆိုတဲ့ပန်းကလေးကပိတ်နေလို့
နင်းခြေမိတာကိုတော့ အပြစ်မဆိုပါနဲ့
ကလေးမရေ

                                              ဧကရီ

--------------------------------------------------

“မ အဆောင်မှာလား မောင်နဲ့
ခဏတွေ့ရအောင်”

“မ ဖုန်းကိုင်ပါအူံး မောင်ပြောစရာရှိလို့”

“မ မောင်အဆောင်အောက်ရောက်နေပြီ
ခဏပဲအောက်ဆင်းခဲ့လို့ရလား
မောင်စကားလေးပြောချင်လို့”

“မ စာဖတ်ပါအုံး”

“မတစ်ခုခုဖြစ်နေတာတော့
မဟုတ်ဘူးမလား မောင် စိတ်ပူနေပြီ”

တစ်တောင်တောင်မြည်နေသော
ဖုန်းအားကောက်ကိုင်ကြည့်ရာ
အပျင်းပြေတွဲနေသော
ရည်းစားငယ်ငယ်လေးထံမှ
စာများတသီတစ်တန်းထဲ
ရောက်နေလျှက်

အဆောင်ရှေ့ရောက်နေတယ်ဆိုပဲ
ဆောတီးပါမောင်လေးရေ
ဒီနေ့ကအမရဲ့ကလပ်တက်ရက်
အဆောင်မှာမဟုတ်သလို
ခုလိုရက်မှာဘယ်သူ့ကိုမှလဲ
အထူးတလည်စာမပြန်တတ်ဘူး

ဆက်၀င်လာနေသောမက်ဆေ့ခ်ျများအားလျစ်လျူရှု၍ ဖုန်းအသံပိတ်ကာ
အကကြမ်းပြင်သိူ့ဦးတည်သွားနေသည်မှာ ယောင်္ကျားတိုင်းလက်မြှောက်အရှုံး‌ပေးရတဲ့အထိလှတဲ့
အလှဘုရင်မ ဧကရီ

ကလပ်ထဲတွင်တညလုံးသောင်းကျန်းကာ မူးရူးနေသော တစ်စုံတစ်ယောက်ရှိသလို အဖြေတစ်ခုလိုချင်၍ ‌အဆောင်ရှေ့တွင်ညလုံးပေါက်စောင့်နေသူ
တစ်ဦးလဲ ရှိခဲ့သည်

တူညီတဲ့ညသန်းခေါင်ရဲ့အောက်မှာလဲ
အချစ်ဦးလေးပြန်လာမလားဟူသော
မျှော်လင့်ချက်ဖြင့် အိမ်ဧည့်ခန်းတွင်စောင့်နေသူနှင့် ချစ်ရသူကိုစိတ်ပူနေရသော်လည်း မဖြစ်သာသောအခြေအနေကြောင့် ဘေးနားရှိမပေးနိုင်ဘဲ လေယာဉ်ပေါ်တွင်ထိုင်ကာ ပူပန်နေသော တစ်စုံတစ်ယောက်လဲ ရှိခဲ့တယ်

You've reached the end of published parts.

⏰ Last updated: Sep 28, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်ဦးWhere stories live. Discover now