>>>>At that morning
“အကို ထူးထူးဆန်းဆန်းပါလား
မြတ်ပွင့်နဲ့ကောင်းခန့်ကကော
ဘာဖြစ်လို့လဲ ထူးထူးဆန်းဆန်း
ပြီးတော့ မနက်အစောကြီး
ဘယ်ကလမ်းမှားပြီး ငါ့အိမ်ရောက်လာကြတာလဲ”မနက်စောစောစီးစီး
ဘဲလ်တီးသံကြောင့်
တံခါးဖွင့်ပေးတော့
ရောက်လာတဲ့ဧည့်သည်သုံးယောက်“အဲ့ကောင် စော်ကားနေတာ
လာ မြတ်ပွင့် ဘာမှမကူညီနဲ့
ပြန်မယ် အဲ့အချိုးတွေကြောင့် ဆုက
ပြန်မကြိုက်တာ”“ဟေ့ကောင် အဲ့တာမင်း$ကြောင်း
ပါလား”“ပါတယ် အဲ့တော့ ဘာဖြစ်ချင်လဲ”
မျက်စိရှေ့တွင်ထကိုက်တော့မည့်
ပုံပေါ်နေသည့်နှစ်ယောက်ကြောင့်“တော်ပါ ကိုကလဲ စိတ်ချည်းပဲ
သူရကစတဲ့ဟာကို သိရဲ့နဲ့”“ဆိုစမ်းပါအုံး အကိုကော
မြတ်ပွင့်တို့ကော ဘာကိစ္စ
လာရင်းကိစ္စအတူတူပဲလား”“ငါတို့လာတဲ့ကိစ္စက
မင်း ဆုမြတ်နိုးကို လိုက်မဲ့
ကိစ္စကို လာကူညီလမ်းပြပေးတာ”အကိုဖြစ်သူ၏ ပွင့်လင်းလွန်းသော
တုံးတိစကားကြီးကြောင့်
သောက်နေသည့်ရေများ
သီးရသည့်အဖြစ်“အဟွတ် အဟွတ်
အဲ့ဆို သုံးယောက်လုံးစောစော
စီးစီး အိမ်ထိရောက်လာရတဲ့
အကြောင်းအရင်းက မြတ်နိုးကို
လိုက်ဖို့အတွက် သင်ပေးမလို့ပေါ့
ဟုတ်လား”“ဟုတ်တယ်!!!”
“ဟုတ်တယ်!!!”
“ဟုတ်တယ်!!!”သုံးယောက်လုံးဆီက
သံပြိုင်ထွက်လာတဲ့အသံကြောင့်
မယုံသက်ာမျက်လုံးဖြင့်
စူးစမ်းမိသည်“ဟုတ်မှလဲလုပ်ကြပါ
တကယ်ကြီးလား”“တကယ်ပါဆို!!! ”
ခေါင်းငြိမ့်ကာ ထောက်ခံနေကြသော
သုံးယောက်အားကြည့်ကာ
မျက်လုံးပြူးမိသည်Lesson 1 - မိန်းကလေးများသည်
ယောင်္ကျားလေးများ မိမိကိုကိုယ် ကိုယ် ဟု ကိုယ်စားပြုသုံးစွဲခြင်းအားသဘောကျကြသည်။“ဟင်!?”
“ဟုတ်တယ် နင် ဆုနဲ့စကားပြောရင်
ကိုယ်လို့ နင်ကိုယ်နင်သုံးပြော
နားလည်လား”
YOU ARE READING
အချစ်ဦး
Short Story"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."