လ၀န်း - "အချစ်ဦးဆိုတာကို
ဘယ်လိုယူဆလဲ"ကောင်းခန့် - "အချစ်ဦးဆိုတာ
ပထမဆုံးအချစ်လို့
ငါထင်တယ် ပထမဆုံးချစ်မိတဲ့
လူသား/အချစ်ကို
ပထမဆုံးအနေနဲ့ အဲ့လူသားကြောင့် ခံစားဖူးတာဖြစ်တဲ့အတွက်
အဲ့လူကို အချစ်ဆုံးပဲဖြစ်လိမ့်မယ်
အဲ့ကြောင့်ငါထင်တာတော့
အချစ်ဦးက အချစ်ဆုံးဖြစ်လိမ့်မယ်"မြတ်ပွင့် - "ငါကတော့အဲ့လိုမထင်ဘူး
စဉ်းစားကြည့်လေ
အချစ်ဦးကဘ၀မှာအချစ်ဆုံးဆိုရင်
အချစ်ဦးနဲ့မပေါင်းဖက်လိုက်ရတဲ့သူတွေက နောက်လူဆိုတာ ရှိလာမှာမဟုတ်ဘူးလေ မဟုတ်ဘူးလား
ငါတော့ အချစ်ဦးကအချစ်ဆုံး
မဖြစ်နိုင်ဘူး ထင်တယ်"သူရမောင် - "ငါလဲမြတ်ပွင့်ထင်တာ
မှန်မယ်ထင်တယ်
အချစ်ဦးကအချစ်ဆုံးလို့မထင်ဘူး
ဒါပေမဲ့ အချစ်ဆုံးကကော အချစ်ဦး
မဖြစ်နိုင်ဘူးလား အချစ်ဦးက
ပထမဆုံးအချစ်ပဲလို့ ဘယ်သူကမှမှ
မသတ်မှတ်ထားတာ အဲ့တော့ ကိုယ့်ဘ၀မှာ အချစ်ဆုံးလူက အချစ်ဦးပဲ
ဖြစ်မယ်ထင်တယ် နင်ကော ဘယ်လိုထင်လဲ မြတ်နိုး"ဆုမြတ်နိုး - "ငါထင်တဲ့ အချစ်ဦးကလေ
ကိုယ့်အပေါ်ဘယ်လောက်ပဲ
သူရက်စက်နေပါစေ ကိုယ့်အချစ်ကိုသူ
ဘယ်လောက်ပဲမျက်ကွယ်ပြုနေပါစေ
မနာကျည်းဘူး အပြစ်မမြင်ဘူး
ပိုင်ဆိုင်လိုချင်စိတ်မရှိဘူး
သူပျော်နေရင်ကျေနပ်တယ်
အတ္တ ရမ္မက် မပါဘူး
အဲ့လိုဖြူစင်တဲ့အချစ်နဲ့
ချစ်မိတဲ့သူကို အချစ်ဦးထင်တယ်
နင်တို့ပြောသလို
အဲ့အချစ်နဲ့ချစ်မိတဲ့သူက
ပထမဆုံးအချစ်လဲဖြစ်နေနိုင်တာပဲ
နောက်ဆုံးအချစ်လဲဖြစ်နေနိုင်တာပဲ
အချစ်ဆုံးလဲ ဖြစ်နေနိုင်တာပဲ
ဒါကြောင့် အချစ်ဦးဆိုတာ
နံပါတ်စဉ်နဲ့မဆိုင်ပဲ
တသက်လုံးရင်ဘတ်ထဲမှာ
သိမ်းထားရတဲ့သူလို့ထင်တယ်"ကန်တင်းမှာသူငယ်ချင်းတွေစုရင်း
ပြောမိတဲ့ အချစ် စကားဝိုင်း
လေးတစ်ခုဒါဒါလေးတို့ရော
ဘယ်လိုထင်လဲ?--------------------------------------------------
အကိုနဲ့ ဆုတို့ရဲ့
သတင်းဟာ ကျောင်းနှစ်ကျောင်း
လုံးမှာ Hot ဖြစ်နေခဲ့တယ်
YOU ARE READING
အချစ်ဦး
Short Story"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."