အချစ်မှာအနိုင်အရှုံးမရှိဘူး
မတရားတာမရှိဘူးဒါပေမဲ့ ကိုယ့်အတွက်တော့
ကိုယ့်ကြောင့် မင်းမျက်ရည်တွေ
ဖြစ်တည်လာခြင်းဟာ
ကိုယ့်ရဲ့အရှုံးဖြစ်ပြီး
မင်းအပြုံးလေးတွေ ကိုယ့်ကြောင့်
တည်မြဲနေခြင်းဟာ
ကိုယ့်ရဲ့အနိုင်ပေါ့အမေကပြောဖူးတယ်
တကယ်ချစ်ရင်
ပိုင်ဆိုင်ချင်စိတ်မထားရဘူးတဲ့
ပိုင်ဆိုင်ချင်စိတ်ကိုရှေ့တန်းတင်မိရင်အမှားတွေကျူးလွန်မိတတ်တယ်အဲ့အမှားတွေဟာ ပုံပြင်တစ်ခုလုံးကို
ပြောင်းပြန်လန်စေနိုင်တဲ့အထိ
အစွမ်းသတ္တိကြီးမားခဲ့တယ်သူရမောင်
--------------------------------------------------
ပုံပြင်တစ်ပုဒ်ကိုပြောင်းပြန်လှန်ဖို့ဆိုရင်
ဘာတွေလိုမလဲဇာတ်ဆောင်တွေရဲ့ဒေါသ
အချစ် အမုန်း
ကံကြမ္မာရဲ့ကျီစားမှု
အမှားတွေကြောင့်ဆိုရင်တော့ပုံပြင်ဟာ ကောင်းကောင်းကြီးကို
ပြောင်းပြန်ဖြစ်သွားနိုင်တာပေါ့--------------------------------------------------
“အကို ပြောတာ အနုပညာမေဂျာက
Queen မဧကရီလား??”“သူရ သိတာလား အာ ဟုတ်သားပဲ
မေ့လို့ သူရကလဲ တက္ကသိုလ်ကျောင်းသားပဲကို သိမှာပေါ့
ဘယ်လိုလဲ အကိုရွေးတဲ့လူ
မဆိုးဘူးမလား ”အကိုဥက္ကာရဲ့စကားအား
ပြုံး၍ခေါင်းငြိမ့်ပြရုံသာတုန့်ပြန်၍
မြတ်နိုးမျက်နှာအားအကဲခတ်မိသည်တစ်ခုခုအားအတွေးလွန်ကာ
အတွေးကမ္ဘာထဲလမ်း
ပျောက်နေပုံပေါ်သည်။“ဒါဆို မိတ်လဲမိတ်ဆက်ပြီးပြီဆိုတော့
အကိုမနှောက်ယှက်တော့ပါဘူး
အကို့မော်ဒယ်လေးကို
သွားရှာလိုက်အုံးမယ်
ဘယ်ပျောက်သွားလဲမသိဘူး
နောက်မှထပ်တွေ့မယ်နော်”“ဟုတ်ကဲ့ အကိုဥက္ကာ
ဒီနေ့ပွဲကိုတက်ရောက်ပေးတဲ့အတွက်လဲ
ကျေးဇူးပါဗျ နောက်တစ်ခေါက်ထပ်တွေ့ချင်ပါတယ်”အကိုဥက္ကာနှုတ်ဆက်ကာ
ဝိုင်းမှထသွားသော်လဲ
မြတ်နိုးမှာမူ စိတ်နဲ့လူနဲ့ကပ်ပုံမရသေး
YOU ARE READING
အချစ်ဦး
Short Story"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."