At the party,
ခမ်းနားလှပလွန်းတဲ့အပြင်အဆင်တွေနဲ့
မြင်ရုံနဲ့ အံ့ဩသင့်ရလောက်တဲ့
Dinner partyတစ်ခုထိပ်တန်းကုမ္ပဏီရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲဖြစ်၍
တက်ရောက်ကျသူများမှာလဲ
အထက်တန်းစား လူကြီးလူကောင်းများနှင့် ကျက်သရေရှိမိန်းမပျိုများသာသာမာန် ပစ္စည်းသစ်မိတ်ဆက်ပွဲတွေထက် ပိုတောက်ပကာ
ထူးခြားဆန်းပြားနေရသည့်
တကယ့်အကြောင်းအရင်းကတော့
ကုမ္ပဏီရဲ့ဆက်ဆံသူလဲဖြစ်
ဦးခန့်မြတ်ရဲ့ အချစ်ဆုံးသားလဲဖြစ်တဲ့
သားအငယ်ဆက်ခံသူလောင်းလေးဟာ
ယနေ့ပွဲအား ဦးခန့်မြတ်ကိုယ်စား
တက်ရောက်မည်ဟု
ကြားသိထား၍ အကုန်လုံးက
မျှော်လင့်တကြီး
စောင့်မျှော်နေကြသည်ဖထင်နဲ့အတူ ရံဖန်ရံခါတွဲ၍
ပွဲတက်တတ်သော်လည်း
ပွဲတက်သည်ဟုသာ သိလိုက်ရသည်
ပွဲအလည်မရောက်မှီပင်
ပျောက်ပျောက်သွားတတ်၍
တွေ့ဖူးသူမှာ ခပ်ရှားရှားပင်ဆက်ခံသူရွေးချယ်သည့်အချိန်မှသာ
ပုံနှင့်တကွ လူနာမည်အား
တွဲကာမြင်ဖူးကြသည်။ပွဲရှေ့တွင် ဇိမ်ခံကားတစ်စီး
စိုက်ရောက်လာချိန်တွင်
ကားအားကြည့်ကာ ကားအတွင်းမှ
ထွက်လာမည့်သူအား
အားလုံးခန့်မှန်းမိကြသည်။အားလုံး၏ အာရုံများသည်
ထိုကားထဲမှ ထွက်လာမည့်သူထံ
ကြရောက်နေကြကာ
စောင့်မျှော်နေကြသည်ကားတံခါးပွင့်လာချိန်တွင်
မြင်လိုက်ရသည်က
ယခုထိတိုင် တက္ကသိုလ်ကျောင်းသား
တစ်ယောက်ဖြစ်နေသေးသော်လည်းဖခင်ထံမှအမွေရရှိထားကာ
ကိုယ်တိုင်သင်ကြားပေးထား၍
တည်ကြည်ပြတ်သားလှသည့်မျက်နှာတွင် စီးပွားရေးသမားတစ်ယောက်၏
လွှမ်းမိုးနိုင်မှုများ ပြတ်သားမှုအား
ထင်ဟပ်နေပေသည်။ဆံပင်အကုန်အနောက်သို့လှန်တင်ထားကာ မျက်နှာသည် ပြောင်ရှင်းကာ
ချောမောမှုများ ပြည့်နှက်နေသည်။
ခန္ဓာကိုယ်အချိုးအစား
ကျစ်လစ်ပြေပြစ်ကာ
Suitနက်ပြာရောင်အား
၀တ်စင်ထားသည်မှာ အလွန်ပင်လိုက်ဖက်လွန်းနေသည်
YOU ARE READING
အချစ်ဦး
Short Story"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."