တူ တူ တူ တူ~~~~
အဆက်မပြတ်မြည်နေသော
ဖုန်းသံအားလျစ်လျူရှုလျက်
နားအားခေါင်းအုံးဖြင့်ဖိကာ
ဆက်အိပ်ရန်
ကြိုးစားသော်လည်း"ဟေ့ကောင် ခန့်ထူးရှိန်
ဖုန်းထကိုင်စမ်းကွာ
မနက်စောစောစီးစီး
အေးဆေးမအိပ်ရဘူး
စိတ်မရှည်လို့ငါထပြီးခွဲပြစ်မှ
မဆဲနဲ့ ဟေ့ကောင်""ကျစ်"
အဆက်မပြတ်မြည်နေသော
ဖုန်းခေါ်သူအားကြည့်ချိန်တွင်
Contact တွင်ပေါ်နေသောနာမည်ကား
"မေမေ""ကျစ်"
စိတ်ညစ်စွာ စုတ်တစ်ချက်သတ်ရင်း
ဖုန်းအားပါဝါအပြီး
ပိတ်ထားလိုက်ကာ
ပြန်အိပ်ရန်အိပ်ရာထဲသို့
ခြေလှမ်းနေချိန်တွင်
အခန်းတံခါးအားလာခေါက်သံ"မနက်စောစောစီးစီးကွာ
အာရုံတွေနောက်တယ် ဘယ်သူလဲ
လာပြီ ဆက်ခေါက်မနေနဲ့"အတင်းတံခါးအားခေါက်နေ၍
အော်ကာ တံခါးဆီသို့အမြန်သွားဖွင့်မိသည်။"ဟေ့ကောင်တွေ ခုထိဘာမှ
မပြင်ဆင်ရသေးဘူးလား
မနက်စာသွားစားမယ်လေကွာ ""ဘာအရူးထပြီးမနက်စာစားဖို့
စောစောစီးစီးလာနှိုးနေတာလဲ""မစောတော့ဘူးကွ ခုပဲ၁၀နာရီရှိနေပြီ
နေဖင်ထိုးနေပြီ ဟိုအိပ်ရာထဲက
နှစ်ကောင်လဲထတော့""ဟေ့ကောင် အောင်ခန့် ဒီနေ့တနဂ်နွေနေ့လေကွ အေးဆေးအိပ်ပါရစေ"
"ငါလိုက်ကျွေးမှာမလို့လာနှိုးတာနော်
အေး ငတ်ချင်တဲ့ကောင်မထနဲ့
ငါးမိနစ်အတွင်းအမြန်ပြင်ဆင်
အဲ့လောက်သဒ္ဒါမနေဘူး"လိုက်ကျွေးမယ်ဆိုတဲ့စကားမဆုံးခင်
အိပ်ရာထဲမှ အတင်းပြေးဆင်းကာ
တဘက်တစ်ထည်ဆီဆွဲကာ
ရေချိုးခန်းဆီသို့ပြေးကြတော့သည်"ငါမလိုက်တော့ဘူး အောင်ခန့်
မင်းတို့ပဲသွားစားကြတော့""ဟေ့ကောင် ခန့်ထူးရှိန် မင်းဘာဖြစ်တာလဲကွ ခုရက်ပိုင်းမင်းကြည့်ရတာလဲ
မှိုင်မှိုင်ထွေထွေနဲ့ ဘာဖြစ်နေတာလဲဘာလဲ မင်းမမလှလှလေးက မင်းကို
ပလစ်ထားလို့လား????
ဒါမှမဟုတ် မင်းညီမလေး
ချောချောလေးက မင်းကို
ဂရုမစိုက်လို့လား???"
YOU ARE READING
အချစ်ဦး
Short Story"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."