လူ့စိတ်ဆိုတာအရမ်းခက်တာဗျ
နာကျင်မှန်းသိပေမဲ့
စွန့်လွှတ်ဖို့ မရွေးချယ်ပဲ
အမြဲဆုပ်ကိုင်ထားတတ်တယ်ခံစားချက်ဆိုတာ
ကိုယ့်သဘောအတိုင်း
ဖန်တီးလို့ရနေမှတော့
လူ့ဘ၀ကြီးက ပျင်းစရာ
ကောင်းနေမှာပေါ့ဗျာဒီလိုပါပဲ
ဘာလို့ ကိုယ့်ကိုနာကျင်စေတဲ့
အရာကို ဖက်တွယ်ထားတာလဲလို့
မေးရင်ကျတော့်အဖြေက သူမမို့လို့
ပေါ့ဗျာဒုက္ခကိုမှ သယ်ပိုးချင်နေတဲ့ကောင်လို့
လက်ညှိုးထိုးရင်သူမက သံသရာတစ်လျှောက်
ကျတော်သယ်ပိုးသွားမဲ့
ကျတော်ရဲ့ဒုက္ခလှလှလေးပေါ့ဗျာ#သူရမောင်
--------------------------------------------------
မနက်ခင်းနေရောင်ခြည်မျက်နှာပေါ်သို့ကျရောက်လာ၍
ညနက်မှအိပ်ပျော်ကာ
အိပ်ရေးမ၀သဖြင့်
ပျင်းကြောဆန့်မိသည်။ဘေးနားရှိဖုန်းမှာ
တုန်ခါနေသည်မှာ ရပ်တန့်မသွားContact nameအား
ကြည့်လိုက်ရာ လ၀န်းဆီမှမနက်စောစောစီးစီးဘာများဖြစ်လို့လဲမသိဟု တွေးကာ ဖုန်းကိုင်ချိန်တွင်
ထွက်ပေါ်လာသော အသံနက်ကြီး“ဟဲ့ ကောင်မ ငါဖုန်းခေါ်နေတာ
ကြာလှပြီ ခုမှကိုင်ရလား!!!!!!!”“ဘာဖြစ်တာလဲ စောစောစီးစီး
ငါနားကွဲတော့မယ်”“ဟဲ ဟဲ ဟိုလေ ငါ့crushကြီးက
ငါ့ကို သူ့bd dinnerဖိတ်လို့ဟ
အဲ့တာ ငါဒီနေ့အကျီသွား၀ယ့မလို့
ငါ့ကိုအကျီလိုက်ရွေးပေးပါအုံး”“မအားဘူး မနေ့ကမကြားဘူးလား
သူရ ငါ့ကို ည dinner party
ချိန်းထားတယ် ကျတော်မျိုးမက
အလုပ်များတယ်ရှင့် နောက်တခါရက်ချိန်းကြိုယူပေးပါရှင်”“နင်ကလဲဟာ သူရpartyက
ညကျမှဟာကို ပြီးတော့
အ၀တ်အစားလဲ သူကပဲ
ပို့ပေးမဲ့ဟာကို ငါ့မှာ
နင်ပဲရှိလို့ပါ မြတ်ပွင့်ကလဲ
သူ့ဘဲနဲ့သာယာနေလို့ ခေါ်မရလို့ပါဟာ
Please please”“ဒရာမာတွေဇွတ်ခင်းနေတာ
မျက်ရည်တောင်ကျတော့မယ်
ဒီနှစ်အကယ်ဒမီကရွှေထူးမရရဘူး
နင်ရရမှာသိလား”
YOU ARE READING
အချစ်ဦး
Short Story"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."