လူတွေဟာ ကံကြမ္မာဆရာရဲ့
လှည့်ကွက်တွေကြားမှာ
ရုန်းကန်လှုပ်ရှားနေကြတယ်ငိုတလှည့် ရယ်တစ်လှည့်နဲ့
လောကသင်ခန်းစာတွေကို
သင်ယူနေကြတယ်ကံကြမ္မာဆရာဟာ လှပတဲ့
ဇာတ်အိမ်လေးတွေကို
သူ့နေရာတကျ ထည့်ထားတတ်တယ်"အချစ်"ဆိုတဲ့ အရာလေးကတော့
ကံကြမ္မာဆရာရဲ့ စနစ်တကျစီစဉ်မှု
တွေအထဲက နောက်ပြောင်မှု
သေးသေးလေးပေါ့ကံကြမ္မာဆရာရဲ့ လှည့်ကွက်တွေ
သင်ခန်းစာတွေကြားထဲ
ရှင်သန်နေရတဲ့သူတွေထဲမှာ
ကျမလဲအပါအ၀င်ပေါ့အသက်ရှစ်နှစ်အရွယ်မှာ
မိဘနှစ်ပါးလုံးကို
Car accidentကြောင့်
ဆုံးရှုံးခဲ့ရတယ်ကံကြမ္မာဆရာဟာ
ကျမကိုသနားခဲ့ပုံပါပဲ
အမွန်မြတ်ဆုံး လူသားလေး
သုံးဦးကို ကျမအနားမှာ
နေရာချပေးခဲ့တယ်မိဘတွေဆုံးပါးခဲ့ပေမဲ့
"တီတီနဲ့ဦးဦး"တို့ဆီကနေ
မေတ္တာအပြည့်အ၀နဲ့ကြီးပြင်းခဲ့ရတယ်အပိုဆုကလေးအနေနဲ့
"အကို"ဆိုတဲ့ မြတ်နိုးမှုတိမ်တိုက်
လေးကိုပါ ကျမဘ၀ထဲကို
ဆွဲသွင်းပေးခဲ့တယ်
ခုပုံပြင်လေးရဲ့ အဓိက
ဇာတ်ဆောင်လေးအဖြစ်နဲ့ပေါ့"လက်ဆောင်"အဖြစ်နဲ့လား
"ကျိန်စာ"အဖြစ်နဲ့လား
ဆိုတာတော့ ကံကြမ္မာဆရာကလွဲ
ဘယ်သူသိနိုင်ပါ့မလဲ..............................................................
မနက်ခင်းရာသီဥတုလေးကတော့
သာမာန်နေ့တွေထက်
ပိုမိုသာယာနေ့ခဲ့တယ်အဖြူနဲ့အပြာရောစပ်ထားတဲ့
အိမ်လေးတွင်းမှာတော့
မိသားစုသုံးယောက်
မနက်စာစားရင်း
စကားစမြည်ပြောဆိုနေကြတယ်"သမီးလေး ဒီနေ့ ညည်းအကိုဆီ
သွားမှာမလား""ဟုတ်တယ်တီလေး ဘာမှာမလို့လဲ"
"ညည်းအကိုကိုပြောလိုက်စမ်းပါအေ
အိမ်ကိုလဲ တစ်ပတ်တခါတော့
ဖုန်းလေးဘာလေးဆက်ပါအုံးလို့
ရည်းစားတွေနဲ့ကျ လည်ဖို့အချိန်ရှိပြီး
အိမ်ကိုဖုန်းဆက်ဖို့ကျ အချိန်က
မရှိတော့ဘူး တက္ကသိုလ်က ဖွင့်တာ
ခုမှနှစ်လရှိသေးတယ် ဒင်းက အိမ်ကို
ရှိတယ်ကိုမထင်တော့ဘူး"
KAMU SEDANG MEMBACA
အချစ်ဦး
Cerita Pendek"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."