မနက်ခင်းalarmသံကြောင့်
လူကနိုးထလာခဲ့ရသော်လဲ
လူရော စိတ်ပါနုံးကျိနေခဲ့သည်။။အကိုစိတ်ဆိုးသွားမည်ကို
တွေးမိ၍
မျက်ရည်သည် အလိုလို
ဝဲလာခဲ့ပြန်သည်ရေမိုးချိုးပြင်ဆင်လျက်
အောက်ထပ်သို့ဆင်းလာခဲ့စဉ်တွင်
တွေ့လိုက်ရသည်က
ဦးဦးအံ့ဩမှုက ဦးဦးနောက်တွင်
ပါလာသော လူပေါ်တွင်
မူတည်နေသည်။သူရ
သန့်ပြန့်စွာ၀တ်ဆင်ထား၍
ယောင်္ကျားပီသလှသော
အပြင်အဆင်
အဖြူရှပ်အကျီကို ဂျင်းအပြာနဲ့တွဲ၀တ်
ထားပုံမှာ တက္ကသိုလ်၏ king
ပီသလှပါပေသည်။ယောင်္ကျားပီသလှသော
ခန္ဓာကိုယ်နှင့် ဘေးတစောင်း
မြင်နေရသော မေးရိုး
ပြုံးလိုက်လျှင် ပေါ်လာတတ်သော
ပါးချိုင့်နက်ကြီးတစ်ခုမှာ
အမျိုးသမီးအားလုံး၏
ချောက်နက်တစ်ခု ဖြစ်ပါလိမ့်မည်။သို့သော်
ထိုခန့်ညားမှုကို ဆုမခံစားနိုင်သေးပါကမ္ဘာပျက်မည့်အရေးကို
ကြိုမြင်နေ၍ ဆုထိတ်လန့်နေခဲ့သည်။သုရသည် အိမ်ထဲရောက်၍
ကိုယ့်ကိုမြင်လျှင်
အစွမ်းကုန်ပြုံးပြတော့သည်။ဆုမှာမပြုံးနိုင်ရှာ
အကို့ကို မျက်လုံးဖြင့်
ပတ်၍ရှာနေမိသည်။တော်သေးတာပေါ့ ဟု
သက်ပြင်းချမိတော့သည်။အကိုသည် အိမ်မှာ
ရှိမနေခဲ့ပါ။"သမီးဆင်းလာပြီလား
ဒီမှာ သမီးသူငယ်ချင်း
ကား ပြန်လာပို့တာတဲ့
ထိုင်အုံးလေ မောင်ရင်သူရ"ဦးဦး၏ ဧည့်၀တ်ကြေမှု၏နောက်တွင်
သူရသည် ထိုင်ခုံတွင်၀င်ထိုင်ခဲ့သည်။မီးဖိုချောင်သို့လှမ်းကြည့်မိချိန်တွင်
မြင်လိုက်ရသော
တီလေး၏မျက်နှာတွင်
သဘောမကျမှုတွေ
ထင်ဟပ်နေခဲ့သည်။"ခဏစောင့်အုံးနော် သူရ"
သူရအားစောင့်ခိုင်းကာ
တီလေးဆီသို့ ပြေးသွားမိသည်။"တီလေး အကို.."
ဆုစကားမဆုံးခင်ပင်
တီလေးသည်ဖြေကြားခဲ့သည်။

ANDA SEDANG MEMBACA
အချစ်ဦး
Cerpen"အကို့ကို ချစ်တယ် အကိုတစ်ယောက်အနေနဲ့ မဟုတ်ပဲ ချစ်သူတစ်ယောက်လိုချစ်တယ်" "အကိုတို့နှစ်ယောက်က မဖြစ်နိုင်ဘူး ငယ်လေး..."