ငယ်ကျင့်
Girl Love Fiction
...............................................................................
ငိုနေသည့် အမလွန်းကို ပွေ့ဖက်ပြီး မျက်ရည်သုတ်ပေးနေပေမဲ့ သူမ ဘာကြောင့် ငိုနေမှန်း မြနှင်း အဖြေရှာမရပေ။
"မြနဲ့ မောင် ချစ်သူဆိုတာနဲ့...အမက ငိုနေတယ် ဘာလို့လဲဟင်....."
ဖြေရခက်မည့် မေးခွန်းကြီး မေးလာသည့် မြနှင်းနွယ်ကို မော့ကြည့်ရင်းမှ ကပြာကယာ မျက်ရည်သုတ်ပြီး
"အာ...မငိုပါဘူး ကလေးမရဲ့....မျက်လုံးထဲ အမှုန်...အမှုန်လေ...အဲ့ဒါ ဝင်သွားလို့...."
"အော်...."
အော်....တဲ့.. ။ ကွာခြားလိုက်ပုံများကွယ်..။ယုံသွားလိုက်ပုံများ တစ်ခွန်းထဲနဲ့တင် ပွေ့ဖက်ထားသည့် လက်များ ရုတ်သိမ်းသွားလေသည်။
အဲ့ဒီနေ့က ပြီးလို့ အမလွန်းနှင့် မြ တစ်အိမ်ထဲမှာ နေပြီး သိပ် မဆုံဖြစ်တော့ပေ။မြလည်း အပြင်သွားစရာရှိလျှင် ခေါ်ချင်ပေမဲ့ မျက်စိရှေ့ မတွေ့လေတော့ ထွေထွေထူးထူးမေးမနေ ခေါ်မနေတော့ပဲ တစ်ယောက်ထဲပဲ ထွက်ဖြစ်သည်။
...............................................................................
"မောင်....နေအုံးလေ....."
ညာလက်ကို လွှဲလိုက် ဘယ်လက်ကို လွှဲလိုက်နှင့် ကိုးယို့ကားယား သွားနေသည့် မောင့်ကို လမ်းတစ်ဖက်ကို ကူးသွားမှ ကျွန်မ မီသည်။ ကျွန်မ ခေါ်တော့ လှည့်ကြည့်လာပေမဲ့ ဘာစကားမှ ထွက်မလာပဲ ပြူးကြောင်၍ ကြည့်နေလေသည်။
"ဘာလဲ"
"ဟင်း.....မောင်ပဲ အလုပ်ရှာခိုင်းပြီးလေ....ဖေဖေက ပေးတော့ ဘာလို့ ငြင်းနေရတာလဲ....."
"အာ့ ဖေဖေဆိုတာကြီး ပြောသလိုမှ မလုပ်နိုင်တာ...."
"မသိဘူး လုပ်ရမယ်...."
"မလိုဘူး မလုပ်ချင်ဘူး...."
"မောင့်....."
". ......"
ရှုံ့ကာ နှပ်ကာနှင့် ပြန်ကြည့်လာသည့် လူသားငယ်...။
"ကလေးလို လုပ်မနေနဲ့...မမ အဖေကိုလည်း အားနာအုံးမှာပေါ့ကွယ်..."
