ငယ်ကျင့်
Girl love fiction
..................................................................................
"မရီး..... "
အိမ်ထဲ ဝင်လာသည့် အကို့မိန်းမဖြစ်သူ လွန်းအိမ်ခြယ်ကို ခွန်းသနိုင် ခေါ်လိုက်လေသည်။မျက်နှာအနည်းငယ် ငြိုးငယ်နေတာကို သတိထားမိသည်။ လွန်းအိမ်ခြယ်ကလည်း မျက်နှာထားကို အမြန်ပြန်ပြင်လိုက်ပြီး ခွန်းသနိုင်ခေါ်သည်ကို ထူးလိုက်သည်။
" အင်း မောင်လေး"
"အမ ကျနော့် ညီမနောက် ဘာလို့လိုက်နေတာလဲ"
"မင်းက ဘယ်လိုသိလဲ မလိုက်ပါဘူး ဒီတိုင်းလမ်းကြုံသွားတာ"
ခွန်းသနိုင် စကားကြားတော့ လွန်းအိမ်ခြယ် မလုံမလဲဖြစ်သွားသည့် မျက်လုံးကို အိမ်ပေါက်ဝ တခါးအကွယ်က မြနှင်းသွယ် မြင်လိုက်ရလေသည်။ ချက်ချင်း မျက်နှာအနေအထားပြောင်းပြီး စကားလမ်းလွှဲလိုက်တာကိုလည်း မြနှင်းတွေ့လိုက်ရသည်။
"အဟင်း အမ မလိမ်နဲ့ ဘာလဲ ကျွန်တော့်ညီမကို ဘာလုပ်မလို့လဲ.....စိတ်ကူးမလွဲနဲ့ ကျနော်နဲ့ အတူ လုပ်မယ်လေ"
"မင်းက အဲ့လို ကြံနေတာလား ကိုယ့်ညီမကို..... ဘာဖြစ်လို့လဲ"
ခွန်းသနိုင်ရဲ့စကားကို လွန်းအိမ်ခြယ် အံ့သြသွားရလေသည်။ သို့သော် မယုံရဲ......။ကိုယ့်ရဲ့စိတ်အကြောင်းစုံကိုသိချင်လို့ ဂွင်ဆင်တာလည်းဖြစ်နိုင်တာပဲလေ....သံသယမျက်လုံးကို ဝင့်ချီကာကြည့်လိုက်ချိန် ခွန်းသနိုင်ရဲ့ တန်ပြန်သံသယမျက်လုံးနှင့် အကြည့်ချင်းစုံသွားလေသည်။သူလည်း တွေးနေလောက်မည်။မြနှင်းသွယ်ကို တကယ်ပဲ မကောင်းကြံမှာလား.... သူ့စိတ်ရင်းကို သိချင်လို့ followလုပ်တာလားဆိုပြီး သံသယဝင်နေမည်။ သို့သော် လွန်းအိမ်ခြယ်ပြောလိုက်သည့်စကားက
"Okအတူတူပေါ့...."
"ကျနော်သိတာပေါ့ ဟား......ကျနော်ကလေ မိသားစုကို အလေးထားပေမယ့် မိသားစုကပြန်အလေးမထားတော့ လောဘတွေတက်ရတာပေါ့.....အမွေလေ အမွေ...ဟားဟား"
သူတို့မကောင်းကြံမည့်သူက တခါးဝကနေ မြနှင်းသွယ် ကြောင်းစုံသိသွားတာကို သူတို့သတိမထားမိပေ။အကိုလတ်က ကိုယ့်ကိုမုန်းပေမဲ့ ဒီလောက်ထိ ရက်စက်မယ်လို့မထင်ထားတဲ့အပြင် အဆင်မပြေတဲ့ မိသားစုထဲ အသစ်ဆက်ဆက်ဝင်လာသည့် ယောင်းမတစ်ယောက်လုံးကလည်း ကိုယ့်အပေါ်မကြည်လေတော့ အံ့သြပြီးရင်း အံ့သြရင်းပင်။ ဘာပဲဖြစ်ဖြစ် မြနှင်းသွယ် ပိုသတိထားရတော့မည်။ သေမှာကိုမကြောက်ပေမယ့် အလောဘ အသောကလူတွေရဲ့လက်ထဲသေရမှာကိုတော့ မလိုလားတာအမှန်....။ထို့အတူ မောင်နှင့်လည်း သေကွဲမခွဲနိုင်သေးပါ။
