Part. 13

2 1 0
                                    

ငယ်ကျင့်
...............................................................................

"Hello အဖေ.....အမလွန်း သတင်း ဘာထူးလဲဟင်...မြဆီလည်း ရောက်မလာဘူး...."

"သမီး အမလွန်း..အိမ်ပြန်လာခဲ့တယ်.....သူ အဆင်ပြေရှာပါတယ်....သမီးတို့ချင်း အတူတူသွားတာ...ဘယ်လိုဖြစ်တာလဲ...."

"အချိန်တူသွားပေမဲ့ .....ကားတစ်စင်းထဲမှ မဟုတ်တာ အဖေရယ်....."

"အေး....ထားပါ....အဲ့ဒါ.....အဆင်ပြေရဲ့လား ခု....."

"ပြေပါတယ်...အဖေ...ဒါပေမဲ့...လာတဲ့နေ့တုန်း...က....."

စကားပြောနေရင်း ကျွန်မ ရပ်တန့်ပစ်လိုက်သည်။ ထိုနေ့တုန်းက အဖြစ်အပျက်ကို ဖခင်တစ်ယောက်ကို ပြောပြချင်ပေမဲ့ စိတ်ထဲ ထင့်နေခြင်းက ကျွန်မအား တားဆီးပစ်သည်။

"အင်း ဘာဖြစ်လဲ...သမီး...."

"ဘာမှ မဟုတ်ပါဘူး အဖေ....ဒီတိုင်း...."

"အင်း....သမီး....အခု သမီးက မိသားစုနဲ့ အဝေးမှာ ရှိနေတာ.....ပျော်ခွင့်ရှိပြီ....လွတ်လပ်ခွင့်ရှိပြီ.....သမီးလုပ်ချင်တာ လုပ်ပေါ့ကွာ......."

"အဖေကလည်း ကွယ်ရာမှာ....အဲ့လို လုပ်တတ်တဲ့သူ မဟုတ်ပါဘူး သမီးက......"

"အပြစ်ပြောတာ မဟုတ်ပါဘူး..... အခွင့်အရေးပေးတာ......ဒါနဲ့...."

". ......."

အဖေ့ဘက်က ခဏတာ တိတ်ဆိတ်သွားသည်။ ပြီးမှ..

"ဟိုကလေးမရော......အခြေအနေဘယ်လိုလဲ...."

"အဆင်ပြေပါတယ် အဖေ....အိမ်ကိုလွမ်းပါတယ်ဆိုပြီး ပြောနေတာက လွဲလို့ပေါ့...."

"ဒါဆို ပြန်ပို့လိုက်ပါ့လား......"

"အို...မပို့ပါဘူး.....ဟို...."

............

ဖုန်းကိုautoချမိပြီးသား ဖြစ်သွားသည်။ ကျွန်မကိုကျွန်မ ကိုယ်ပြောသည့် စကားကို ဆုံးအောင် မပြောမိပဲ လက်က ဖုန်းကို ချမိသွားသည်။မလွဲစေလို....။ဘယ်လောက်ပဲ သူလေး သတိရနေပါစေ...မပြန်စေလို....။ရက်စက်ပါစေ တကိုယ်ကောင်းဆန်ပါစေ...။ဘယ်လိုပဲ လူဆိုးတစ်ယောက်ဖြစ်ပါစေ....ဒါဟာ ကျွန်မအတွက် ကောင်းသော လူဆိုးဖြစ်ခြင်းသာ....။

................................................................................

အဖေနဲ့ ဖုန်းပြောပြီးပြီးချင်း မောင် ရုံးခန်းထဲ ဝင်လာခဲ့သည်။အိမ်ဆောက်ပစ္စည်းဆိုင်ကိုတောင် smartကျကျ ရုံးထိုင်နိုင်သည့် ကျွန်မရယ်ပါ..။ရုံးခန်းထဲ ဘယ်သူတွေ ဝင်ဝင် တံခါးခေါက် အချက်ပေးပြီးမှ ဝင်ခိုင်းသည်။ မောင်တစ်ယောက်သာပဲ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်၊စည်းကမ်းချက်တွေ ချမထားပါ။

ငယ္က်င့္Where stories live. Discover now