01

14 1 2
                                    

အဝေးပြေး လမ်းမ တစ်လျောက် ကားတစ်စီးသည် အရှိန်ဖြင့်ပြေးလွှားနေလေသည်။ Driverဆရာမှ ဖွင့်ပေးထားသော သီချင်းမှာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိလှသည်။ လမ်း မညီမညာမှုကြောင့် ဟိုရမ်း ဒီရမ်းဖြင့် ပြေးလွှာနေသော ကားပေါ်မှ ခရီးသည်အချို့။ ထိုထဲတွင် နောက်ဆုံး ခုံတန်းတွင် ထိုင်နေလေသော အမျိုးသမီးသည် သီချင်းနားထောင်ရင်း မျက်လုံးစင်းပြီး ဇိမ်ခံလိုက်လာလေသည်။အချိန်ကား ညနေ မှောင်ရီပျိုးစပြုချိန် ဖြစ်သည်။ အဝေးပြေးလမ်းမမှ ဆင်းပြီး အမြန်ကားလမ်းပေါ်ပင် ရောက်ခဲ့လေပြီ။ အမျိုးသမီးမှာ ဇိမ်ခံကောင်းနေဆဲပင်။သူမ မျက်နှာထားမှာ လူတစ်ယောက်ကို စိတ်နာနေသည့် မျက်နှာထားမျိုး.....အို...
မဟုတ်သေးပါဘူး..... အလိုမကျသည့် မျက်နှာထားမျိုးလား.....မဟုတ်သေးပြန်ပါဘူး...အလုပ်ရှိန်ပိလို့ ပင်ပန်းနေသည့်မျက်နှာထားလည်း...မဟုတ်သေးပြန်ပါဘူး...သူမမျက်နှာထားက.......
စိတ်ပင်ပန်းနေပုံထင်ပါရဲ့....အဓိပ္ပါယ်အမျိုးမျိုး ဖြာထွက်နေသည့် သူမ မျက်နှာထားဟာ ပကတိ တည်ကြည်လျက်ပါပဲ.....

၁၀လပိုင်းကုန် ၁၁လဆန်းနီးနီးဖြစ်သောကြောင့် အအေးဓာတ်လေး နည်းနည်း ရနေလေပြီဖြစ်သည်။ညနေ ၆နာရီဆိုလျှင် မဝင်ချင်ပဲ ဝင်ရောက်ပျောက်ကွယ်သွားရသည့်အလား နေရောင်သည် အနောက်ဂေါယာကျွန်းဆီမှ ထိုးထွက်လာလေသည်။ တိမ်မျှင်မျှင်ပျပျလေးများသည် ထိုနေရောင်ကြောင့် အဖြူမှ နီဝါရောင်ပြောင်းကာ လှပလျက်ရှိနေသည်။အမြန်လမ်းမှ မြို့ထဲ ကားဂိတ်သို့ ဝင်သောလမ်းကွေ့အရာက် တစ်ဖက်မှ အိတိတိနှင့် အဘိုအိုတစ်ယောက် စီးလာသော စက်ဘီးကြောင့် Driverဆရာ ပျာယာခတ်သွားလေသည်။တစ်ဖက်တွင် လျိုချောက် တစ်ဖက်တွင် အဘိုးအို စီးလာသော စက်ဘီး......
.........................................

အမြန်လမ်းမှ မြို့အတွင်းဝင်သော လမ်းတွင် လူအချို့ ပျာယာခတ်နေကြလေပြီ....အဘိုးအိုတစ်ယောက်သည်လည်း သတိကင်းလွတ်လျက်..။ နီးစပ်ရာမှ တာဝန်ကျရဲအချို့လည်း ရောက်နေလေပြီ..။

"ဟလို....ကရိန်းလိုမယ်ထင်တယ် ကားက ချောက်ထဲ ကျသွားတာဆိုတော့လေ"

အရာရှိ ရဲတစ်ဦးရဲ့ သက်ဆိုင်ရာသို့ အကြောင်းကြားသံ...။မယုံနိုင်စရာဖြစ်ရပ်ပေတည်း။ သေခါနီးအဖိုးအို တစ်ယောက် အသက်နှင့် ကားပေါ်မှ လတ်လတ်ဆတ်ဆတ် အသက်၁၀ချောင်းကျော်ကျော်နှင့် လဲဖို့ တန်ပါ့လေမလား မပြောတတ်နိုင်လောက်အောင်အထိပင်။Driverတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က မှားလေမလား။ လူအများရဲ့အတွေးက မှားလေမလား မတွေးတတ်တော့ပေ။အသက်ကြီးကြီးသေလုနီးနီး အဘိုးရဲ့အသက်အား ထောက်ထား၍ဘေးရှိ လျိုချောက်ထဲသို့ မောင်းဆင်းသွားခဲ့လေသော Driverရဲ့အတွေးဟာ အရူးဆန်ဆန်ပင် ဖြစ်လင့်ကစား သူ့အတွေးမှာ လူကြီးတစ်ယောက် အဘိုးအိုတစ်ယောက်ဟူသော စိတ်ကြောင့်......။သို့သော် သူ့စိတ်အတွေးအလကားဖြစ်ရလေပြီ....။ထိုမြင်ကွင်းကို မြင်ရလေသော အဘိုးအိုမှာ အမောဖောက်လျက်ပင်။ လျိုချောက်ထဲမှ Driverအပါအဝင် ခရီးသွားများမှာလည်း အသက်လု၍ ကူရာကယ်ရာ မဲ့လျက်ပင်။

ငယ္က်င့္Where stories live. Discover now