Part 11

2 1 0
                                    

ငယ်ကျင့်

................................................................................

အကိုကြီး တကယ် အရွေးတော်တာကို......

"မြ.....မြ.....ညီမငယ်......"

"ဟင်...အင်း....အမလွန်း"

"ဘယ်တွေ စိတ်ရောက်နေသလဲ ညီမငယ်.....ခေါ်မကြား အော်မကြား"

"အာ ဘာမှ မဟုတ်ပါဘူး သွားကြတော့မလား"

တစ်ခဏတာမျှ မှင်သက်မိသွားသည်။မြန်မာအမျိုးသမီး ပီပီ ဆံပင်ကို ခပ်မြင့်မြင့်လေး ထုံးဖွဲ့ထားသည်က တစ်မျိုး ယဥ်လွန်းလှသည်။

အိမ်ဝန်းထဲမှ ဘေးတိုက်လမ်းလျောက်၍ ထွက်လာခဲ့သည်။ Luxury ကားတွေ မစီးပါပဲ သာမန် လူတန်းနှယ်.....။

လွန်းက ကတ္တီပါဖိနပ်အပါး အနက်ရောင်လေးနှင့် မြကတော့ စိမ်းရင့်ရောင်လေးစီးပြီး ကြွကြွရွရွလေး လမ်းလျောက်လာကြသည်။

တစ်ချို့ ပုရိသတွေက လှမ်းအော် စနောက်ကြပေမဲ့ ဂရုမစိုက်လေဟန် ခေါင်းကို မော်ထားလျက်ပင်။ တစ်ချို့က စနောက်ပေမဲ့ မြို့မျက်နှာဖုံး ဦးထွန်းသစ်၏သမီးဟုဆိုပြီး မစနောက်ရန် တားမြစ်ကြသည်။မြရဲ့အဖေဟာ အဲ့သလောက်ပင် ဂုဏ်ရှိန်ပါဝါကြီးမားလေသလား...။

လမ်းမတစ်လျောက် တစ်ယောက်တစ်ပေါက်ပြောနေသည့် စကားလုံးအချို့ကို နားထဲမရောက်ပဲ မြဟာ ကိုယ့်အတွေးနှင့်ကိုယ် လျောက်လှမ်းလာခဲ့သည်။ သူမခေါ်သည့်နောက် လိုက်လာရသည့် လွန်းမှာ ဦးတည်ရာကို မသိပဲ ယောင်လည်လည်ဖြင့်သာ လိုပ်လာရသည်။

"မြ..... ဘယ်သွားမှာလဲ ကွယ်.... အမလည်း မပြော..."

"အော် ဟုတ်သားပဲ ရှေ့နားတင်ပါ ကလေးတစ်ယောက်နဲ့ တွေ့ဖို့ ထွက်လာတာ...."

"အင်းကွယ် အမဖြင့် အူလည်လည်နဲ့"

"အဟင့်....."

စကားကို ဆက်မပြောပဲ ရှေ့ကို လှမ်းမျှော်ကြည့်ရသည်။ တွေ့နေကျ လမ်းကွေ့နားပင် ရောက်လုပေါ့ မောင့်အရိပ်ယောင်တောင် မတွေ့ရသေး...။ဒါကြောင့် စကားလမ်းလွှဲလိုက်သည်။

"အမလွန်း အမလွန်းနဲ့ အကိုကြီး ဘယ်လိုတွေ့ခဲ့တာလဲ ပြောပြပါလား"

ငယ္က်င့္Where stories live. Discover now