PartI🝮

2K 155 14
                                    

[Unicode]

တောင်ကိုရီးယားနိုင်ငံ,ဆိုးလ်မြို့

ယနေ့မနက်ကတည်းကSNSပေါ်မှာပလူပျံနေတဲ့
သတင်းကမင်းသားကင်မ်ထယ်ယောင်း
Paris Fashion Weekအတွက်ရှိုးပွဲတက်မည့်ဆို
တဲ့သတင်းပင်။

ပီးခဲ့တဲ့နှစ်ကတရားဝင်လမ်းခွဲကြောင်း ကြော်ငြာခဲ့တဲ့မော်ဒယ် ရှန်းရီရဲ့ပွဲဦးထွက်overseaရှိုးပွဲမို့
သွားရောက်အားပေးခြင်းလား၊ သူတို့၂ယောက်ပြန်တွဲနေကြပီလား ဟုလည်းသိုသိုလောလော သတင်းခေါင်းစဉ်တွေမှာဖော်ပြထားခံရသေးသည်။

ထိုကိစ္စရပ်မှာ Mediaတွေကြား ဥဩသောင်းနင်းဖြစ်ရုံမက ပရိသတ်တွေမှာလည်းရင်ခုန်စွာနှင့်စောင့်မျှော်နေကြသည်။

မြင်တွေ့ရတဲ့သတင်းတွေက ခေါင်းရှုပ်စေတာမို့
ဆော့ဂျင် SNSအသုံးပြုနေတာကိုရပ်လိုက်ပီး ဖုန်းကိုအနီးနားက ဆိုဖာပေါ်လှန်းပစ်တင်လိုက်သည်။

ထပ်ခါထပ်ခါခေါ်နေတဲ့ ဖုန်းcontactတစ်ခုကို
လျစ်လျူရှုရင်း။

ထိုစဉ်အခန်းထဲကိုဝင်လာတဲ့မန်နေဂျာလီဂျွန်မှ

"ok guys attention please...."

schedule တွေမလွတ်တမ်းချထားတဲ့အတွက်
အချိန်ပိုဆိုတာမရှိမို့ မန်နေဂျာလီဂျွန်လည်း
အမြဲတဟုန်ထိုးနှင့်ပင်။

"ဒီနေ့ရိုက်ကူးရေးရှိတယ်ဆိုတော့ပြင်ဆင်စရာရှိတာတွေအမြန်လုပ်ပါ ၁နာရီအတွင်းစမယ်"

                              *********
သူ့ဖုန်းကော်လ်တွေကိုလျစ်လျူထားတာလောက်
ထယ်ယောင်းစိတ်ကသိကအောက်ဖြစ်တာမရှိ။

လက်ရှိဖြေရမည့်အင်တာဗျူးကိုလည်း စိတ်မပါတော့။သို့ပေမဲ့လည်း မထူးဇာတ်ခင်းရုံ။

"ဟုတ်ကဲ့ အခုလိုမေးမြန်းခွင့်ရတာ ကျွန်မတို့media သိပ်ကံကောင်းတာဘဲလို့ ထင်မိပါတယ်"

လက်တစ်ဖက်က အသံဖမ်းစက်ကိုကိုင်ထားတဲ့
ကောင်မလေးက အပြုံးတစ်ခုနှင့်ဝမ်းသာဖွယ်ဆိုလာသည်။

ခက်တာကသူကစိတ်မပါတော့အသက်မပါတဲ့
အပြုံးနှင့်သာ။

"𝐾𝐼𝑀"Where stories live. Discover now