[Unicode]
မနက်ခင်းရဲ့ နေခြည်နွေးနွေးက သူ့ပါးပြင်ပေါ်ယှက်သန်းဖြာကျနေတယ်...သိပ်မကြာခင် နွေးရာကနေပူတဲ့အဆင့်ရောက်ပီး သူ့ကိုနိုးထစေတယ်။
မနေ့ညက သူကိုက်ထားတဲ့အတွက်ကြောင့်
ကင်မ့်ရင်ဘတ်မှာဒဏ်ရာတွေနဲ့ ရှုပ်ပွနေတယ်။
နိုးလာတာနဲ့ ဆေးလိမ်းပေးဖို့ရည်ရွယ်ပီး
ညကသွေးစို့နေတဲ့ ဒဏ်ရာလေးတွေအတွက်
အမြဲလိုလိုဆောင်ထားတတ်တဲ့အိတ်ထဲက
ဆေးခရင်မ်လေးကိုအသာထုတ်လိုက်မိတယ်။အိပ်နေတုန်းကလိမ်းပေးလို့ရတယ်ဆိုပေမဲ့
စပ်ဖျဉ်းဖျဉ်းခံစားချက်ကြောင့် လန့်နိုးသွားမှာ
စိုးသည့်အတွက် မွေ့ယာဘေးမှာဘဲအဆင်သင့်
ချထားလိုက်တယ်။မျက်လုံးပေါ်ကျနေတဲ့ ကင်မ့်ဆံပင်ပျော့ပျော့
လေးတွေကို အသာသပ်တင်ပေးလိုက်မိတယ်...အိပ်နေလိုက်တာများ ကလေးလေးကြလို့...
သူရောင်ရမ်းရင်း ပြုံးမိသွားတယ်။မနေ့ညက ကင်မ့်မျက်ဝန်းတွေက သူ့ကိုမယုံနိုင်စရာကောင်းလောက်အောင် လိုလားနေကြတယ်..
ပီးတော့ပြောဆိုပုံကအစ သိပ်ကိုနူးညံ့လွန်း
နေတယ်...ဆော့ဂျင်ဆိုတဲ့သူက ထပ်တလဲလဲ ကင်မ့်ခြေဖျားမှာလဲကျရင်း ခစားရမြဲပါလား...။သူ ကင်မ့်ကို မချစ်တော့ဘဲနေမယ်ထင်သလား...တကယ်ချစ်တယ်ဆိုရင်လေ...သေသွားတဲ့အထိလူတစ်ယောက်ကို ရင်ထဲထိစွဲနေအောင်သိမ်းထားမိတာ...
ချောက်ထဲကျသွားတဲ့လူတစ်ယောက်လိုဘဲ ပြန်တက်ဖို့လမ်းမမြင်နိုင်တော့တာ...သေတဲ့အထိအဲ့ချောက်ထဲမှာဘဲ အရိုးဆွေးရင်း ကျန်နေခဲ့ရမှာ....
သူလည်းအဲ့လိုဘဲ...ပိုဆိုးတာက
သူပြုတ်ကျခဲ့မိတဲ့ချောက်က ကင်မ်ဆိုတဲ့ အတိမ်
အနက်မရေရာဘဲ သိပ်ကိုနက်ရှိုင်းလွန်းတဲ့ချောက်။ကင်မ်မရှိဘဲ နေနိုင်တယ်ဆိုပီး ကိုယ့်ကိုကို
လောင်ကြေးထပ်ရင်း ခေါင်းမာနေခဲ့ပေမဲ့ ကင်မ်နဲ့
ပတ်သတ်တဲ့အရာ တစ်ခုတွေ့လိုက်တာနဲ့ ကင်မ်က
သူ့စိတ်ကိုချက်ချင်းလွှမ်းမိုးသွားနိုင်ထိကို သိပ်ဆိုး
တယ်။ကင်မ့်ကို လွမ်းလွန်းလို့ ခေါင်းအုံးကို တင်းကျပ်စွာ
ဖက်တွယ်ရင်း ငိုင်စီစီနဲ့ထိုင်နေမိခဲ့တဲ့ ခြောက်ခြားစရာ
ညတွေအကြောင်း ပြောပြမိမယ်ဆိုရင် ကင်မ်သဘောကျနေမလား။

YOU ARE READING
"𝐾𝐼𝑀"
Fanfictionကင်မ့်အချစ်တွေကဘောင်ကျဉ်းလွန်းတယ်....တခါတရံနားမလည်နိုင်အောင်ကိုရှုပ်ထွေးလွန်းတယ်..... Started:July 13,2022 Finished: