PartVII🝮

600 99 8
                                    

[Unicode]

မှန်ပြတင်းပေါက်ရဲ့ အပြင်ဘက်မှာ အဆက်မပြတ် ယိုစီးကျသွားတဲ့ မိုးရေတွေ...

မိုးစက်တွေကို ထိချင်တယ်...အတွေးပေါ်လာတာကို သတိထားမိမိချင်း မှန်တံခါးကို ဘေးဘက်ဆွဲဖွင့်
လိုက်တယ်။

အပြင်မှာလေတွေပါတိုက်နေတာဘဲ....အေးမြတဲ့
မိုးသက်လေတွေဟာပွင့်သွားတဲ့ ပြတင်းက
တစ်ဆင့် အငမ်းမရအခန်းထဲဝင်ရောက်လာကြ
တယ်။

"ကင်မ်ရဲ့ဆုံးဖြတ်ချက်က လွယ်လွန်းတာ"

ဆော့ဂျင်ရဲ့အသံကိုကြားမှဘဲ မိုးစက်တွေကိုထိတွေနေတဲ့လက်ဖဝါးပြင်ကိုရုတ်သိမ်းမိသည်။

မိုးစက်တွေနဲ့အပြိုင်ဆော့ဂျင်က လှလွန်းသည်...
သမုဒ္ဒရာရေစီးကြောင်းလေးလိုဘဲ...ဘာမှမတွေးဘဲစီးမြောချင်စရာ။

မှေးစင်းနေတဲ့မျက်ဝန်းလေးတွေ စိမ်းကားအေးစက်နေတဲ့ နှုတ်ခမ်းဖူးလေး....

အဲ့ဒီနှုတ်ခမ်းလေးကိုနမ်းချင်လာတယ်...

အာသီသကို ချက်ချင်းအကောင်အထည်ဖော်ဖို့ အနားသွားရင်း နှုတ်ခမ်းသားကိုထိဖို့ကြိုးစားတော့
ဆော့ဂျင်ကရုန်းတယ်။

ရုန်းနေတာကိုသိသိရက်နဲ့ ကော်ပတ်ရုပ်လိုမျက်နှာလေးကို ဆွဲယူပလိုက်ပီး စတော်ဘယ်ရီသွေး ဖူးကြွနေတဲ့ နှုတ်ခမ်းလေးကို စုပ်ယူနမ်းရှိုက်ပစ်တယ်။

ဒီတစ်ခေါက်နှုတ်ခမ်းသားလှုပ်ရှားမှုက တစ်ဖက်
သတ်ဆန်စွာ ဟန်ချက်မရှိ။

ထင်ထိုင်းကြဲပီး ပြန်လွှတ်ပေးမိတော့ ဝိုင်းစက်
အရည်လဲ့တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ကြည့်တယ်
မျက်ဝန်းတွေက အဓိပ္ပာယ်ဖော်မရ.....။

"မင်းကငါ့ကိုတန်ဖိုးထားရမှန်းမသိဘူး မင်းလုပ်
ချင်ရာဘဲလုပ်တယ် မင်းကိုမုန်းလိုက်တာ"

အဲ့စကားကဘာလဲ....ပထမဆုံးအကြိမ်ဆော့ဂျင်
နှုတ်ခမ်းကနေ ဓားသွားထက်လို စကားမျိုးကြား
လိုက်ရတာ...ရင်ဘတ်ထဲစုတ်ပြတ်သွားတာဘဲ။

"ဆော့ဂျင်....."

"ငါတို့ ကိုယ့်လမ်းကိုလျှောက်ဖို့သင့်ပီ"

"𝐾𝐼𝑀"Where stories live. Discover now