PartIV🝮

722 111 8
                                    

[Unicode]

မျက်နှာကျက်ပေါ်မှာတပ်ဆင်လို့ထားတဲ့ လင်းလင်း
လက်လက်အဏုမြူကြယ်တာရာတွေ....
ကြယ်တွေကြည့်ရတာသဘောကျတဲ့ကင်မ်က
အိပ်ခန်းထဲမှာ ကောင်းကင်ကြီးကိုကြည့်နေရသလို
ဖြစ်အောင် ဖန်တီးလို့ထားတယ်....

ဘယ်လိုဘဲကြည့်ကောင်းပါစေကောင်းကင်ပေါ်က
ကြယ်လေးတွေလောက်တော့ မလှပါ...ဒါတွေက
အတုအယောင်ပါဘဲ...

"ဆော့ဂျင်~"

သူ့ပေါင်ပေါ်ခေါင်းတင်ထားတဲ့ကင်မ်က ဖတ်လက်စစာအုပ်ထဲကစာမျက်နှာတစ်ခုကို ပြရင်း သူ့နာမည်ကိုတွယ်တွယ်တာတာခေါ်လာသည်။

လှပသော ခရမ်းရောင်လွင်ပြင်တစ်ခုကိုမြင်တော့ ထိုစာမျက်နှာမှ သူအကြည့်မခွာနိုင်တော့ပေ။

"ကင်မ် ဒါဘာပန်းတွေလဲ"

"အဲ့တာ လာဗင်ဒါပန်းတွေလေ"

သူစာအုပ်ထဲက လာဗင်ဒါပန်းခင်းကြီးကိုအားကျနေခဲ့သည်။

"အဲ့ပန်းတွေကသိပ်ကိုလှတာဘဲ"

"တနေ့ကြမောင်တို့ လာဗင်ဒါပန်းခင်းကြီးထဲကိုသွားရအောင်လား"

"လာဗင်ဒါရဲ့ဗီဇကဘယ်မှာရှိလဲဟင်"

"ပြင်သစ်မှာပေါ့ မောင်မင်းကိုသေချာပေါက် ပန်းခင်းကြီးထဲကိုခေါ်သွားမယ်နော်"

စိတ်ကူးယဉ်ဖွယ်ကောင်းလောက်အောင် လှပခမ်းနားသောပန်းလွင်ပြင်ကိုကြည့်ရင်း  ကင်မ်နဲ့အတူ
သွားရမည်ကြောင့် ကြည်နူးရင်း ကင်မ့်ရင်ခွင်ထဲ
တိုးမိသည်။

"မောင် မင်းကိုလွမ်းနေခဲ့တာ"

ရင်ခွင်ထဲကသူ့ကို ကင်မ်ကနဖူးပေါ်အနမ်းခြွေရင်းဆိုသည်။ကပ်ပီးချွဲနေတဲ့ ကင်မ့်ကိုဘာကြောင့်မှန်းမသိပြုံးရင်းဆံပင်တွေဖွာပေးလိုက်မိသည်။

"မောင်တကယ်ပြောတာ ဟိုမှာနေတဲ့တစ်လျှောက်လုံး မင်းကိုဘဲလွမ်းနေခဲ့တာ"

"အင်း"

မယုံရဲပေမဲ့ လွမ်းနေခဲ့တာ ဆိုတဲ့စကားလေး
ထွက်လာတာကိုဘဲ ကောင်းတဲ့လက္ခဏာအဖြစ်
မှတ်ယူရမလို။တကယ်ဆို ကင်မ်သူ့ကိုလွမ်းနေခဲ့
တာဆိုရင် ဖုန်းလေးဖြစ်ဖြစ်တော့ခေါ်သင့်တယ်
မဟုတ်လား။

"𝐾𝐼𝑀"Where stories live. Discover now