PartVI🝮

542 98 15
                                    

[Unicode]

*Ding Dong*

"ဂျီမင်း....ဘာကိစ္စရှိ...."

ဘာမှမတုံ့ပြန်ဘဲ ဧည့်ခန်းဆီဆက်လျှောက်သွားတဲ့
ဂျီမင်းက မျက်နှာလည်းမကောင်း အမြဲပြုံးနေတတ်တဲ့ ချစ်စရာမျက်နှာလေးမှာ အပြုံးရိပ် မှိန်မှိန်တောင်မရှိ။

*ဘုတ်*

စားပွဲပေါ်ကို အညိုရောင် စက္ကူအိတ်အရှည်ကို ပစ်
တင်ပီး ဂျီမင်းကဆိုဖာနောက်ဘက်ဆီ ပင်ပန်းကြီးစွာ
နဲ့မှီလိုက်တယ်။

"ဒါဘာလဲ"

"ဖွင့်ကြည့်လိုက်"

မတ်တပ်ရပ်နေလျက်ကနေ ဂျီမင်းယူလာတဲ့အရာကို
ဖွင့်ကြည့်တော့ဓာတ်ပုံတွေ.....သိပ်မကြည်လင်ပေမဲ့ ဓာတ်ပုံထဲကလူ၂ယောက်က သူနဲ့ဆော့ဂျင်ဆိုတာ
ပြောနိုင်သလောက်ထိတော့ ရုပ်လုံးပေါ်နေတယ်။

ခရီးမှာအတူရှိနေခဲ့တဲ့ပုံရိပ်တွေကို ဘယ်ခြုံထဲကနေ တိုးဝေ့ပီးရိုက်ထားခဲ့ကြတာလဲ......

"ငါမင်းကိုပြောတယ် သတိထားပါ အနေအထိုင် ဆင်ခြင်ပါလို့ အခုမင်းသတင်းကြောင့် ကုပ္မဏီ
ရှယ်ယာတွေ ထိုးကျသွားပီ...."

"အဲ့တော့ထုံးစံအတိုင်းသတင်းစာရှင်းလင်းပွဲလုပ်ပေးရမှာလား"

ဓာတ်ပုံတွေကို ရှေ့စားပွဲပေါ် ပစ်တင်လိုက်ပီး ဆိုဖာပေါ်ခြေချိတ်ရင်း အသက်ကိုပြင်းပြင်းရှူပီးပြော
လိုက်တယ်။

"PDကပြောတယ် အခုမင်းတို့သတင်းကိုဖုံးအောင် ရှန်းရီနဲ့ဘဲ confirmလိုက်တဲ့"

"အဓိပ္ပာယ်မရှိတာ အဲ့လိုကြီးက...."

"အသားလွတ်ကြီးပြောခိုင်းတာမဟုတ်ဖူး mediaပေါ်မှာယောကျာ်းလေးချင်းကြိုက်နေတဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ပလူတွေပျံနေတာ antiတွေကGayဆိုပီးသမုတ်နေကြတာ ပြောလည်းမကောင်းရှိတော့မယ် PDပြောသလိုဘဲ လုပ်လိုက်ပါကွာမင်းရောဆော့ဂျင်
ဟျောင်းအတွက်ပါအန္တရာယ်ကင်းပါတယ်  နို့မို့ဆို
မင်းတို့imageအတော်လေးပျက်သွားလိမ့်မယ်"

"image အဲ့ဒီimageတွေကိုကြည့်နေရတာ အနုပညာ
ရှင်လုပ်လိုက်တာ အရှင်လတ်လတ် အကျဉ်းကျ
နေတယ်!!"

"𝐾𝐼𝑀"Where stories live. Discover now