PartII🝮

915 132 8
                                    

[Unicode]

ကူရှင်ပေါ်မှာဖုန်းထိုင်သုံးနေပေမဲ့ စိတ်မဝင်စားတော့
ဖုန်းစက်ခရင်မ်ကိုအပေါ်ပွတ် အောက်ပွတ်
နှင့်ပင်။

condoမှာအပြင်ဘက်ကိုမြင်ရသည့်မှန်တွေကာထားသည်မို့ ကားမီးရောင်တွေတစ်လက်လက်နဲ့
ရှုပ်ရှက်ခတ်နေသည်ကိုလည်းမြင်ရသည်။

သူ့စိတ်တွေကတော့ဘယ်ကိုလွှင့်နေမှန်းမသိ...ပြန်ဆွဲထားလို့မရသေးပေ။

ရင်းနှီးပီးသား ဆပ်ပြာနံ့မွှေးမွှေးက ပျံ့လွှင့်လာတော့ အနံ့လာရာဆီ အကြည့်ကအလိုလို....

ရေစိုနေတဲ့ ဆံပင်တွေ မျက်နှာပေါ်ခပ်ဝဲဝဲကျနေပီး သူ့ဆီကိုလျှောက်လာတဲ့ကင်မ်က ခန့်ညားတာ
ထက်ကိုပိုသည်။

မင်းသားတစ်ယောက်ဖြစ်သည့်အလျောက်ရုပ်ရည်ရူပကာကပျိုတိုင်းငေးချင်စရာပေ။
သူကိုယ်တိုင်ရစ်မူးနေသည်အထိကို စွဲလမ်းစရာ
ကောင်းတော့အချင်းအရာများနှင့်လည်းပြည့်စုံလွန်းလှသည်။

ရေချိုးပီး အဝတ်အစားမလဲဘဲ bath robeကိုဒီအတိုင်းဝတ်ချလာတာ...ကင်မ်ဘာဖြစ်ချင်နေတာလဲ ဘာအလိုရှိနေတာလဲ ကိုသူရိပ်စားမိပီးပါပီ။

"ဆော့ဂျင်~"

သူ့ဘေးမှာကပ်ထိုင်ပီး တွယ်တွယ်တာတာခေါ်
လိုက်တဲ့အသံက အကြောင်းပြချက်မဲ့စွာ ကြက်သီးထစေတယ်။

"ဖယ်..."

ခါးအောက်ကိုလျှိုဝင်လာတဲ့လက်ကို ဖယ်ပစ်ရင်းဆိုလိုက်တော့ အခွင့်ကောင်းယူစွာ
ခန္ဓာကိုယ်ကိုပေါင်ပေါ်ခွတင်ပစ်လိုက်သည်။

ကူရှင်နောက်အမှီပေါ်မှီချလိုက်ပီး သူ့ခန္ဓာကိုယ်ကို
လည်းနီးကပ်စွာ ဆွဲကပ်ပစ်လိုက်သည်။

ကင်မ်အပေါ်မှာ သူကခွရက်ထားအနေအထား။

မင်းသမီးတွေနဲ့ romanticဆန်ဆန်အခန်းရိုက်ရင်
လုပ်နေကြပုံစံအတိုင်း လုပ်ပစ်လိုက်တာ
သူရိုက်ဖူးတဲ့ဇာတ်ကားထဲကမင်းသမီးတွေလိုများ
ကိုယ့်ကိုမှတ်ထင်နေလား.......

bathrobeအောက်က အကာအကွယ်မဲ့တင်းမာနေတဲ့အရာက သူ့ကိုလာထိနေတာ ကြက်သီးထစရာကောင်းလွန်းလှတယ်။

"𝐾𝐼𝑀"Where stories live. Discover now