[Unicode]
ကင်မရာမီးရောင်တွေတဖျက်ဖျက်နဲ့ လွတ်လပ်မှုကို
အန်တုထားတဲ့မျက်နှာကျက်တွေကြားမှာ
ကျင်လည်ပါများတော့ ကျယ်ပြန့်လွန်းတဲ့ မိုးသားကောင်းကင်ပြာကြီးကို တခါတခါမော့ကြည့်ဖို့မေ့လျော့နေခဲ့သည်။schedule တွေလည်းမရှိခိုက်ပင်လယ်ကမ်းခြေဘက် သွားလိုချင်စိတ်လည်းဖြစ်ပေါ်နေတော့ တုန်ဆိုင်းခြင်းမရှိဘဲjejuကိုအဖော်မပါတစ်ယောက်တည်း
ထွက်ခဲ့မိသည်။သိပ်မစူးလွန်းတဲ့ နေရောင်အောက် ရှည်လျားလွန်းတဲ့ကမ်းစပ်လမ်းကိုလျှောက်ရင်း ဟိုးအဝေး
ကိုမျှော်ကြည့်မိတော့ လွင့်ပါးနေတဲ့တိမ်ဆိုင်ငယ်တွေ။တခါတရံထိုတိမ်ဆိုင်ငယ်လေးတွေကို အားကျမိ
တယ်...မိုးသားထက်မှာလေနှင်ရာ လွင့်မျှောနေကြလို့။ကင်မ်နဲ့အတူ လွတ်လပ်မှုဆိုတဲ့အရာကို ကိုယ်တိုင်
ကျောင်းခွင့်ရနိုင်ပါမလား...။အောင်မြင်မှု....?
အောင်မြင်မှုတွေကို သူမမက်ဘူးလို့တော့ဇွတ်မငြင်း
ချင်။ဒီလိုအောင်မြင်မှုတနေရာစာရဖို့ ပေးစပ်ခဲ့ရတာဘယ်လောက်များလည်း သူကိုယ်တိုင်အသိပါ။ဒါပေမဲ့ အဲ့အောင်မြင်မှုတွေကိုလျစ်လျူရှုပီး
ရူးမိုက်စွာကင်မ်နဲ့သူရဲ့ဆက်ဆံရေးကိုလူသိရှင်ကြား ကြေငြာမိချင်တဲ့စိတ်~ကင်မ်သဘောအရပုန်းလျှိုးကွယ်လျှိုး ဟန်ဆောင်ရင်းပျော်ရွှင်ယောင်နေပြခဲ့ရတယ်....အလိုက်ထိုက်နေ နေရတယ်ဆိုတာထင်ထားသလောက်တော့မလွယ်ကူဘူး။
ကင်မ် သူ့ကိုချစ်တယ်ဆိုတာသူသိပါတယ်...ဒါပေမဲ့
ကင်မ်အချစ်တွေက သူ့အတွက်ဘောင်ကျဉ်းလွန်း
တယ်....ပီးတော့နားမလည်နိုင်အောင်လည်းရှုပ်ထွေးလွန်းနေတယ်။အတွေးများနှင့်အချိန်အတော်ကြာအောင်
လမ်းလျှောက်ခဲ့ပီးနောက်နေဝင်ဆည်းဆာလေးကိုမျှော်ငေးကြည့်ရင်း လာရာလမ်းအတိုင်းပြန်လာ
ခဲ့ရသည်။*******
"WoW!You look great"
"Merci (Thanks)"
![](https://img.wattpad.com/cover/316249095-288-k732627.jpg)
YOU ARE READING
"𝐾𝐼𝑀"
Fanfictionကင်မ့်အချစ်တွေကဘောင်ကျဉ်းလွန်းတယ်....တခါတရံနားမလည်နိုင်အောင်ကိုရှုပ်ထွေးလွန်းတယ်..... Started:July 13,2022 Finished: