PartVIII🝮

617 95 7
                                    

[Unicode]

"မင်းတို့ တကယ်လမ်းခွဲလိုက်ပီလား..."

ဟိုဆော့​၏အမေးကို ခေါင်းငြိမ့်ရုံ ငြိမ့်ပီး စားပွဲပေါ်ရှိစာရွက်တွေကိုသိမ်းလိုက်သည်။ဟိုဆော့က သူ​၏အဖြေကိုအားမရဘဲ အနားမှာတစ်ကောက်
ကောက်နှင့်လိုက်ကာ အတင်းမေးမြန်းလာတော့သည်။

"ဘာလို့လဲ...သူကမင်းကိုထားသွားတာလား ဟို...
ရှန်းရီဆိုတဲ့တစ်ယောက်နဲ့ကအတည်တွဲနေလို့လား"

စားပွဲရှင်းနေရင်းမှ စိတ်မရှည်စွာနဲ့ဘဲ ခါးမတ်လိုက်
ရင်း ဟိုဆော့ကိုမျက်လုံးဆွေကြည့်လိုက်သည်။

"မင်းမှာ ဘာမှလုပ်စရာမရှိဖူးဆိုလည်း သွားနားတော့၊မင်းစကားများနေတာနဲ့  ငါ့အလုပ်တွေအပီး
သတ်နိုင်မယ်မထင်ဖူး အခုတလော ငါ့စိတ်ကိုမနည်း
စုစည်းပီး လုပ်နေရတာကို မင်းသိရဲ့သားနဲ့"

ဆော့ဂျင်ရဲ့လေသံတိုးတိုးကြောင့် ဟိုဆော့နည်းနည်းကိုယ်ရှိန်သတ်သွားကာ ထိုင်ခုံမှာ အိန္ဒြေရရ ပြန်ဝင်
ထိုက်လိုက်သည်။ဆော့ဂျင်လည်း ဘယ်လောက်
ပင်ပန်းနေလဲဆိုတာ သူသိပြီးသား။ဒီတစ်နှစ်လုံး
လည်း ကင်မ်ထယ်ယောင်းကြောင့် ရူးရူးနှမ်းနှမ်း
ဖြစ်နေခဲ့ရတာတွေကိုလည်း သူရိပ်မိပါရဲ့။

"မင်းဘယ်တော့ နားမှာလဲ"

"ဘာလုပ်ချင်လို့လဲ"

"မဟုတ်ပါဘူး မင်းကိုစောင့်ပေးမလို့ပါ"

"အာ့ဆိုလည်း နာရီဝက်လောက်နေရင် ရပ်လိုက်တော့မယ်"

သီချင်းစာသားတစ်ချို့ကိုလက်စသတ်ပီးတော့ အဝတ်အစားလှဲပီး ဟိုဆော့နှင့်အတူ အသားကင်စားဖို့ထွက်လာခဲ့လိုက်တော့သည်။

ဂျပန်မှာရှိတဲ့bbqဆိုင်တွေကို ခုတလောသူဘာလို့
ခံတွင်းတွေ့နေလည်းမသိ အမြဲလိုလိုတောင်သွားစား
ဖြစ်နေသလို...ဆလမွန်အစိမ်းတို့ ပုစွန်အစိမ်းတို့ကို
ဝါစာဘီနဲ့တို့စားရတာတွေကို အတော်လေးစွဲမက်နေတယ်။

ဂျပန်ကိုရောက်လာပီးကတည်းက နေ့တိုင်းနီးပါးလောက် ဒီလိုအစားအစာတွေစားဖြစ်နေတာ....

ကုပ္မဏီနဲ့သေချာလေးတိုင်ပင်ပီး hiatusလုပ်လိုက်တဲ့ကာလအတွင်းမှာ သူ့fanလေးတွေကိုလည်း
ပြစ်မထားချင်လို့သီချင်းတွေကို ကြိုးစားရေးနေခဲ့
တယ်...သို့ပေမဲ့ ဖန်သားပြင်ပေါ်၊မီးရောင်စုံတွေ
အောက်တော့ အခုချိန်ထိ ဝင်ဆံ့ချင်စိတ်မရှိသေးတာမို့ ဘာအကြောင်းအရာမှကိုအသိမပေးဘဲ ဂျပန်မှာအခြေချနေတာ။ ကုပ္မဏီက အတွင်းကျတဲ့လူတစ်ချို့နဲ့  အဖွဲ့ဝင်အချင်းချင်းသာ သူတို့အခုဘယ်မှာရှိတယ် ဘာတွေလုပ်နေလဲဆိုတာ သိသည်။

"𝐾𝐼𝑀"Where stories live. Discover now