PartXIII🝮

786 84 20
                                    

[Unicode]

ပွဲကနေပြန်လာတဲ့ လမ်းတစ်လျှောက် ဆော့ဂျင်က
စကားတစ်ခွန်းမှကိုမဆိုသေး။ပွဲမှာ သူလုပ်လိုက်တဲ့
အပြုအမှုကြောင့်တော်တော်လေး ရှော့ခ်ရသွားတယ်
ထင်သည်။

ကားမှန်ပြင်ကို ငေးကြည့်ကာ ငြိမ်သက်စွာထိုင်
နေတဲ့ဆော့ဂျင် ပါးမို့မို့လေးကို အနမ်းလေးခြွေလိုက်
သည်။ရုတ်တရက်ဆိုတော့ လန့်သွားပီး ကိုယ်လေး
တုံတက်သွားရင်းသူ့ကိုလှမ်းကြည့်လာသည်။

"ဘာတွေ တွေးနေတာလဲ"

"ကင်မ်"

မဝံ့မရဲလေးခေါ်ပီးနောက် အသံတိတ်သွားပြန်သည်။

"ပြောလေ"

"ဟို..အခု ငါတို့တွဲနေတာကို အားလုံးသိသွားပီပေါ့"

"အင်းလေ...ဘာဖြစ်လို့လဲ မောင်အခုလိုလုပ်
လိုက်တာမင်းက မကြိုက်ဘူးလား"

"အဲ့လို မဟုတ်ပါဘူး ရုတ်တရက်ကြီး ကင်မ်
ကဒီလိုလုပ်လိုက်လိမ့်မယ်လို့ မထင်မိတာ
အရင်က ကင်မ်..."

ဆော့ဂျင်ပြောမည့်အရာများကို သိလိုက်ပီမို့ကြား
ဖြတ်ကာဝင်ပြောလိုက်သည်။

"မောင် နားလည်ပါတယ် စိတ်မပူပါနဲ့ အရေးကြီးတာက မောင့်နားမှာ မင်းရှိနေပေးဖို့ဘဲ မင်းမရှိဘဲ
မောင်အသက်မရှင်နိုင်ဘူးဆိုတာ သိပီးကတည်း
က မောင် မင်းအတွက် ဘာမဆိုအကုန်လုပ်ရဲတယ်"

လက်တစ်ဖက်က စီယာတိုင်ကို ကိုင်ထားရသည်မို့ ကျန်လက်တစ်ဖက်နှင့် ဆော့ဂျင်ရဲ့ လက်ကလေး
ကိုရဲရဲတင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

နံဘေးက ဆော့ဂျင်မှာလည်း ကြည်နူးခြင်းများ
စွာနှင့်ချစ်ရသူရဲ့ ပုခုံးတစ်ဖက်ပေါ်၌မှီရင်း။

ကင်မ် သူ့အပေါ်ကိုသိပ်ချစ်တယ်ဆိုတာ သိလိုက်ရ
သည့်အတွက်...ကင်မ့်အတွက် သူကအသက်တစ်မျှအရေးပါသူဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့အတွက်...

အရင်က ကင်မ့်အချစ်တွေကို ဘောင်ကျဉ်းလွန်း
တယ်နားမလည်နိုင်အောင် ရှုပ်ထွေးလွန်းတယ်
ဆိုပီးထင်ခဲ့မိတဲ့သူဟာ အခုတော့ ထိုကျဉ်းကျပ်မှု
ရှုပ်ထွေးမှုလေးတွေရဲ့ သဘောကိုနားလည်ခဲ့ပါပီ။

You've reached the end of published parts.

⏰ Last updated: May 13, 2023 ⏰

Add this story to your Library to get notified about new parts!

"𝐾𝐼𝑀"Where stories live. Discover now