[Unicode]
ကလပ်ထဲကနေထွက်လာခဲ့ပီး လူရှင်းတဲ့ကား
ပါကင်ရောက်မှအလော သွားနေရာက
နေရပ်လိုက်တယ်။"ဘာပြောမှာလဲ?"
ဆော့ဂျင်ရဲ့အမေးစကားက သူ့နှလုံးသားကို ပါးပါးလေး လွှာလှီးနေသလိုဘဲ....ပြောမဲ့စကားတွေတောင်
ပျောက်ကုန်သည့်အလား...။အမုန်းတရား...ဥပေက္ခာ....
ချစ်ခြင်းမေတ္တာ....နောင်တ.....
ငေးကြည့်နေရင်း အရာအားလုံးကသူနဲ့ကင်းကွာ
သလိုဘဲ။မှုတ်ထုတ်လိုက်မိတဲ့ ဆေးလိပ်ငွေ့တွေးကြားက
မှေးစင်းနေတဲ့မျက်ဝန်းတွေ...စိမ်းကားအေးစက်တဲ့နှုတ်ခမ်းလေး...ဒါတွေကသူ့အတွက်မဟုတ်တော့ဘူးလား...။သူ အဲ့နှုတ်ခမ်းလေးကိုနမ်းချင်တယ်....အတွေးကို
ထိတ်လန့်မိစွာနဲ့ ကြောက်အားလန့်အား အာသီသကို
ကြိတ်မှိတ်မြိုချမိတော့ လည်ပင်းမှာမသိမသာ
လှုပ်ရှားမှုအချို့ဖြစ်သွားစေတယ်။မရိပ်မိဖို့မျှော်လင့်မိပေမယ့် ဆော့ဂျင်က
လှုပ်ရှားသွားတဲ့နေရာကို မျက်တောင်မခတ်တမ်း
လိုက်ကြည့်နေခဲ့တယ်။"ပြောစရာမရှိရင်လည်း လွှတ်...."
"မောင် မင်းကိုနမ်းချင်တယ်"
ထိန်းထားတဲ့ကြားကနေ လွှတ်ခနဲ့ထွက်သွားတဲ့ဒီစကား...
"ခွင့်ပြုပေးနိုင်မလား..."
ဆော့ဂျင်ကမျက်ဝန်းလေးတွေကျယ်သွား
ရုံကလွှဲလို့တစ်စုံတစ်ရာမှတုံ့ပြန်ခြင်းမရှိခဲ့ဘူး...
နမ်းပါလို့လည်းမပြောသလို....မနမ်းနဲ့လို့လည်း
တားမြစ်ခြင်းမရှိခဲ့ဘူး။ဆော့ဂျင်လက်တွေကို သူခုချိန်ထိဆုပ်ကိုင်ထားမိတုန်း။
အနာတိုးကပ်လိုက်မိတော့ ဆော့ဂျင်ရဲ့အညိုရောင်
ဆံသားလေးတွေဆီကနေ သုံးနေကျခေါင်းလျှော်
ရည်အနံ့....ရေမွှေးနံ့ ...ကိုယ်သင်းနံ့ တစ်ခုချင်းစီက
သူ့နှာခေါင်းဝကို ကျီစယ်လာတယ်။ဖက်နေကြခါးလေးကို ဖက်လိုက်ရင်း နှုတ်ခမ်းဖူးလေးကိုထိကပ်ရုံလေး နမ်းလိုက်ပီး ပြန်လွှတ်ပေးတော့
ဝိုင်းစက် အရည်လဲ့တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်နေတယ်...
YOU ARE READING
"𝐾𝐼𝑀"
Fanfictionကင်မ့်အချစ်တွေကဘောင်ကျဉ်းလွန်းတယ်....တခါတရံနားမလည်နိုင်အောင်ကိုရှုပ်ထွေးလွန်းတယ်..... Started:July 13,2022 Finished: