[Unicode]
"ထယ်ယောင်း မင်းကမဟုတ်တော့ဘူးနော်"
ရှုတင်ဘရိတ်အပီး နားချိန်ရတာနဲ့ စီးကရက်ကိုထုတ်
မီးညှိပီး ခြေပစ်လက်ပစ်ထိုင်နေတဲ့သူ့ကိုဂျီမင်းက သဘောမတွေ့သလိုပြောလာသည်။"ဘာကိုလဲ"
ဂျီမင်းရဲ့အပြစ်တင် လေသံကြားထဲကပင် မီးခိုးငွေ့တွေကိုအဆုတ်နဲ့အပြည့် ရှုသွင်းလိုက်ပီး လေပြွန်
တစ်လျှောက်လျှံတက်လာတဲ့ အနည်းအကျဉ်းကို အသက်ရှုလမ်းကြောင်းကတစ်ဆင့်ပြန်ထွက်သွားစေရင်း မကြားလိုက်သလို မသိလိုက်သလို မေးခွန်း
ပြန်ထုတ်လိုက်တယ်။"ဂျင်ဟျောင်းနဲ့မင်း နာမည်ထွက်ချင်သလိုဖြစ်နေတာကို မင်းကဒီဆေးလိပ်တွေသောက်နေသေးတယ်"
သူ့ဘေးနားထိုင်ချပီး အိတ်ကပ်ထဲကစီးကရက်ဘူးကို လှမ်းယူဖို့ကြိုးစားတဲ့ ဂျီမင်းလက်တွေကို ခပ်သာသာပုတ်ထုတ်လိုက်တယ်။
"ငါဘာလုပ်ရမလဲဆိုတာငါ့ကိုငါသိပါတယ်"
"အလုပ်နဲ့ကိုယ်ရေးကိုယ်တာတွေ ခွဲထားစမ်းပါကွာ"
"ဒီထက်ပိုပီး ခွဲခြားထားရင်လည်း အသက်နဲ့ခန္ဓာအိုးစားကွဲရုံဘဲရှိတော့မယ်"
ဟုတ်တယ် ဒီလောက်ထိခွဲခြားထားရင်ကိုတော်ရောပေါ့....အခုတောင်ဆော့ဂျင်နဲ့သူ ဂတောက်ဂဆလေးတွေစဖြစ်ချင်နေပီ....နှစ်ယောက်အတွက်အချိန်ဆို
တာလုံလုံလောက်လောက်မရှိဘဲ ကိုယ့်လမ်းကြောင်း
နဲ့ကိုလုံးပန်းရိုက်နေရတာ....ဒါတင်မဟုတ်mediaအပြောအဆိုကြားလွှတ်
အောင်နေ နေတဲ့ကြားကို ဟိုသတင်းထွက်ဒီသတင်း
ထွက်နဲ့ စိတ်ပျက်စရာ....."ပွဲမှာဖြစ်တဲ့ကိစ္စကို ကုပ္မဏီကရော ဘယ်လိုလုပ်လဲ"
"ဒါတော့ထုံးစံအတိုင်း ငွေနဲ့ဘဲပေါ့ မင်းတို့လည်းဒီ
ရက်ပိုင်းအနေအထိုင်ဆင်ခြင်ဦး"သက်ပျင်းတစ်ချက်ကိုလေးကန်စွာချလိုက်ရင်း...
"ငါ...ဒါတွေအားလုံးရပ်ပစ်လိုက်ရမလား"
"ဘာတွေလဲ"
"ငါ့အလုပ်တွေလေ...အနုပညာလမ်းကြောင်းကနေနားလိုက်ချင်ပီ"
YOU ARE READING
"𝐾𝐼𝑀"
Fanfictionကင်မ့်အချစ်တွေကဘောင်ကျဉ်းလွန်းတယ်....တခါတရံနားမလည်နိုင်အောင်ကိုရှုပ်ထွေးလွန်းတယ်..... Started:July 13,2022 Finished: