PartIX🝮

471 91 20
                                    

[Unicode]

ရေငွေ့ရိုက်နေတဲ့ မှန်ကနေဆစ်ဆင့် တိုကျိုမြို့ရဲ့ မိုးသည်းပန်းချီကားကို မှုန်ဝါးဝါးမြင်နေရသည်။

အပြင်မှာမိုးတွေရွာနေတယ်...မိုးစက်တွေကိုထိတွေ့ချင်လာပြန်တယ်။အတွေးပေါ်လာတာကို သတိထားမိမိခြင်းဘဲ ဆလိုက်ထိုးတံခါးကို ဘေးဘက်ဆွဲဖွင့်လိုက်မိသည်။

တတ်နိုင်သရွေ့တော့ ခုချက်ချင်း မလုပ်မိလို့ နောင်တရတဲ့ အဖြစ်မျိုးတွေ မကြုံချင်တော့ဘူး။

အေးမြတဲ့ မိုးသက်လေတွေဟာ ပွင့်သွားတဲ့ပြတင်း
ပေါက်ကနေတစ်ဆင့် အငမ်းမရအခန်းထဲကိုဝင်ရောက်လာကြတယ်။

အဲကွန်းအအေးဓာတ်နဲ့ ယှဉ်ရင်တော့ သဘာဝလေ
ဟာခပ်နွေးနွေးပါဘဲ....လေပူလေအေး နှစ်မျိုးရော
ယှက်နေတဲ့ အခန်းရဲ့လေထုဟာ ဖြည်းဖြည်းချင်း အေးစက်တဲ့အသွင်ကိုယူဆောင်လာတယ်။

မိုးစက်တွေကို ထိတွေ့ဖို့ရည်ရွယ်ရင်း လက်တွေကို
ပြတင်းပေါက်အပြင်ဘက် ထုတ်ဖို့ ရွယ်လိုက်ပေမဲ့ တကယ်တမ်း မိုးစက်တွေနဲ့ထိတွေ့ဖို့ကြ လက်ရွံ့နေ
မိပြန်တယ်။

တကယ်ဆို သူက ဒီလိုအူကြောင်ကြောင် စိုးထိတ်မှုတွေနဲ့ ရင်းနှီးတဲ့လူတစ်ယောက်မှမဟုတ်တာ။

သူကိုယ်တိုင်လူသိများအောင် ဖန်တီးခဲ့ပီဖြစ်တဲ့
ကင်မ်ထယ်ယောင်း ဆိုတာက စိတ်ညစ်ညူးစရာ ကောင်းလှတယ်....

နောင်တရှိနေရခြင်းဟာ အဆုံးစွန်ထိ အမှားတစ်ခု
ကို လက်ခံပီး အဲ့ဒီအမှားကိုဘဲ လမ်းကြောင်းတစ်ခု
လိုလျှောက်ဖို့ တွေးထားပီးဖြစ်နေလို့လား....

ပိုင်ဆိုင်လိုတာကလည်း ဆုံးရှုံးခြင်းရဲ့ ခါးသီးလစ်
ဟာရမှုကို ရင်မဆိုင်ဝံ့အောင် သူရဲဘောကြောင်လို့
သတ္တိမရှိလို့ရော ဖြစ်မနေနိုင်ဘူးလား...

ပါးပြင်တစ်လျှောက်ပေကျံတော့မဲ့ မျက်ရည်စီး
ကြောင်းကို လက်ခုံနဲ့ပွတ်သပ်လိုက်ရင်း စိတ်လို
လက်ရ ရယ်မိတယ်။

သူ့မှာယုံကြည်ထားတဲ့ မျှော်လင့်ချက်လေးတစ်ခုရှိ
တယ်...ဆော့ဂျင် ကျိန်းသေပေါက် ပြန်လာမယ်လို့
သူ ယုံကြည်တယ်။

"𝐾𝐼𝑀"Where stories live. Discover now