PartXII🝮

438 74 15
                                    

[Unicode]

"ငါမင်းကို မချစ်တော့ဘူး သတ္တိကြောင်တဲ့မင်းလို
လူကို ငါဆက်ပီးမချစ်နိုင်ဘူး"

တစ်ခါမှ မမြင်ဖူးတဲ့ အကြည့်တွေနဲ့ ခါးခါးသီးသီး ပြောရင်း ရှေ့နားကိုတိုးလာတယ်....

ဟင့်အင်း မပြောနဲ့ မပြောပါနဲ့...ဆော့ဂျင်
မောင့်ကို အဲ့လိုစကားတွေနဲ့ မရက်စက်ပါနဲ့.....

အသံတစ်သံက ကိုယ်တွင်း တစ်နေရာထဲကနေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပေမဲ့
သူနှုတ်ခမ်းတွေကိုဖွင့်လို့မရဘူး တစ်ကိုယ်လုံး
လည်း လှုပ်မရတော့ဘဲ နာကျင်စွာကြည့်နေရုံကလွှဲ သူဘာမှမတတ်နိုင်ခဲ့.....

သူယောင်ယမ်းပီး ဆော့ဂျင်ကိုအပြေးလိုက်
ဖက်တဲ့အခါ ဘာကိုမှမဆုပ်ကိုင်မိဘဲ လေဟာနယ်
ထဲလွှင့်စင်သွားသလို လစ်ဟာသွားတဲ့ခံစားချက်
အဆုံး သိလိုက်ရပီ...ဒါအိမ်မက်တစ်ခုမှန်း။

"အ့"

ဆိုးရွားလိုက်တဲ့အိမ်မက်ဘဲ။

အခုရော ဘာတွေဖြစ်ကုန်ပီလဲ....

မျက်လုံးထဲမှာအရောင်တွေဖြတ်ပြေးသွားကြ
တယ်....

အာရုံစုစည်းဖို့မျက်မှောင်ကြုတ်လိုက်မိတဲ့အခါ
နှဖူးထက်က ဆစ်ခနဲ ။

"နိုးပီလား"

ဆော့ဂျင်ရဲ့ အသံခပ်ရေးရေးလေးကိုကြားလိုက်
ရတယ်။

သူအားယူပီ လက်ထောက်ထ လိုက်တယ်...ခေါင်းထဲကလည်းဆစ်ခနဲ တစ်ချက်ကိုက်သွားတယ်။

ဝေဝါးနေတဲ့ မျက်လုံးတွေကို အသံကြားရာမှန်း
ပီးလှမ်းကြည့်လိုက်တယ်။ဆော့ဂျင်ကို မျက်မြင်ကိုယ်ကျ တွေ့လိုက်ရတော့မှဘဲ ရင်ထဲပေါ့သွားရတယ်။

"ကင်မ်နိုးရင် ထတော့ အော်...ဂျီမင်းဆီက
ဖုန်းလာတာကို ကိုင်လိုက်တယ် ကင်မ်အလုပ်တွေကို ပစ်စလက်ခက်ဘဲ လုပ်ချင်တိုင်းလုပ်နေတယ်ဆို သူနဲ့အပေးအယူလုပ်ထားတာကိုလည်း ကင်မ်ဘက်က ကတိမတည်ဘူးတဲ့ ကင်မ်သူ့ကို အနိုင်ကျင့်နေတာလား ဂျီမင်းမှာကင်မ့်ကိစ္စမှန်သမျှ ဖြေရှင်းပေးနေရ
တယ် သူ့ကိုလည်းငဲ့ပါဦး"

ဆော့ဂျင်ပြောသမျှကို ခပ်တွေတွေဘဲ နားထောင်
နေမိတဲ့အတွက်  ဆော့ဂျင်ကစိုးရိမ်တကြီး အနားကို
ကပ်လာတယ်။

"𝐾𝐼𝑀"Where stories live. Discover now