Part:7

589 71 5
                                    

Unicode

မနက်အိပ်ယာနိုးတည်းက ထယ်ယောင်း နေလို့ထိုင်လို့မကောင်းပေ။ အာခေါင်တွေလည်းခြောက်ပြီး တစ်ကိုယ်လုံးအားအင်တွေယုတ်လျော့နေသလို။ အောက်ထပ်သို့ဆင်းလာတော့ ထမင်းစားခန်းထဲမှာ မာမီ့ကိုတွေ့လိုက်ရသည်။

MacBook တစ်လုံးဖြင့်အလုပ်ရှုပ်နေသည့် သူမက ထယ်ယောင်းဝင်လာသည်ကိုမြင်တော့ လုပ်လက်စများကိုရပ်တန့်လိုက်၏။

"ဟော သားနိုးပြီလား။ ဒီမှာလာထိုင် မာမီတို့သားအမိနှစ်ယောက် မနက်စာအတူမစားရတာ ဘယ်လောက်ကြာပြီလဲ"

ထယ်ယောင်းနှုတ်ခမ်းများက ‌သွေးရောင် ဖျော့ဖျော့လေးသာရှိသည်။ မာမီ့ကို ခပ်ယဲ့ယဲ့ပြုံးပြပြီး နံဘေးမှာ ဝင်ထိုင်လိုက်သည်။

"သားမျက်နှာမလန်းဘူးနော်။ အဖျားများရှိနေသလား မှန်းစမ်း.."

ထင်တဲ့အတိုင်းပင် သူမ သားရဲ့နဖူးကိုစမ်းကြည့်တော့ အပူငွေ့လေးကိုခံစားမိသည်။
ဒီနေ့ အရေးတကြီး meeting ရှိတာမလို့ ဘယ်လိုတောင်လုပ်ရပါ့မလဲ။ နေမကောင်းတဲ့ သားဘေးနားမှာ မိသားစုဝင်တစ်ဦးတော့ရှိသင့်တယ်မဟုတ်လား။

မာမီက ထယ်ယောင်းရဲ့ နဖူးကိုစမ်းလိုက် လည်ပင်းကိုစမ်းလိုက်ဖြင့်။

"သား အဆင်ပြေပါတယ် မာမီ"

မိခင်ဖြစ်သူရဲ့ လက်ဖျားလေးများကိုဆုပ်ကိုင်ပြီး စားပွဲပေါ်သို့ချပေးလိုက်သည်။
အသားကျနေခဲ့ပြီးပြီ။ နေမကောင်းတဲ့အချိန်တွေမှာ တစ်ယောက်တည်း အခန်းထဲအောင်းပြီး ဖြတ်ကျော်လာခဲ့ဖူးသည့်နေ့ရက်တွေအများကြီးပါ။

သားကို အားနာတဲ့မျက်ဝန်းတွေနဲ့ သူမ လှမ်းကြည့်မိသည်။
သနားဖို့ကောင်းလိုက်တဲ့ ကလေး။

ငယ်စဉ်တည်းက မိဘအစုံနဲ့ မနေခဲ့ရတာမို့ တတ်နိုင်သမျှ သားအတွက် စည်းစိမ်တွေဖြုန်းမကုန်နိုင်လောက်တဲ့အထိ ရှာခဲ့ပေမယ့် မိသားစုဆိုတဲ့ ကြည်နူးခြင်းမေတ္တာအသိုက်အမြုံလေးကိုတော့ သူမ မဖန်တီးပေးနိုင်ခဲ့ဘူး။

"အဒေါ်ကြီးကလည်း ဒီတစ်နေ့ခွင့်ယူထားတယ်မဟုတ်လား။ သားတစ်ယောက်တည်းနေခဲ့လို့မဖြစ်ပါဘူး ဂျီမင်လေးကို ခေါ်ထားပါလား"

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now