Unicode
"ငါဒါကြီးမဝတ်ချင်ပါဘူး မောင်ရာ....ဘာလဲကလေးဆန်လိုက်တာ"
ကျားနားရွက်ဘီးကုပ်လေးတပ်ဖို့ငြင်းဆန်နေသည့် ထယ်ယောင်းမှာနှုတ်ခမ်းဆူလျက် မျက်နှာသုန်မှုန်နေလေသည်။
ယုန်ဘီးကုပ်တပ်ထားသောဂျောင်ဂုက နှာခေါင်းရှုံ့လျက်အသာခိုးရီရတယ်။
ချစ်သူရည်းစားတို့၏ သဘာဝ,ကတောက်ကဆဖြစ်စဉ်အပြီး ပြန်အဆင်ပြေသွားကြချိန်မှာတော့ ပုံမှန်ထက်သာလွန်တဲ့ကြည်နူးခြင်းများဖြင့်။
ကျောင်းပိတ်ရက်ဒိတ်ကြမယ်ဆိုပြီး ကစားကွင်းကိုညာခေါ်လာသည့်မောင့်ကို ထယ်ယောင်းစိတ်ဆိုးချင်သလို စိတ်လည်းမဆိုးရက်။
လွန်ခဲ့တဲ့ရက်များမှာ တအားဆိုးခဲ့သူက မိမိဆိုတော့လည်း အစစအရာရာဖြေလျှော့တွေးပေးနေရသည်။
မျက်စိရှေ့က တယမ်းယမ်းဖြစ်နေတဲ့ ကြောင်တောင်ကျားတားနားရွက်နှစ်ဖက်နဲ့ဘီးကုတ်ကို ကြည့်နေမိတာ။
ဘယ်လောက်ပဲ မောင့်ကိုချစ်တယ်ပြောပြော ဒါကြီးကတော့...။
ကစားကွင်းဆိုသော်လည်း အသက်အပိုင်းအခြားလိုက် ဆော့ကစားနိုင်သည့် နေရာမျိုးစုံရှိ၏။
၅နှစ်အရွယ်မှသည် လူကြီးများအထိ သူ့ဈေးနှုန်းနဲ့သူကန့်သတ်ထားတဲ့အပြင် ရင်ခုန်လှိုက်မောဖွယ်ရာ မိုးပျံရထား၊သရဲအိမ်၊အမဲလိုက်မုဆိုးအိမ်၊ဝင်္ကပါ၊ပင်လယ်ဓားပြ အစရှိသည့်မရိုးနိုင်သောအတွေ့အကြုံများကိုပါခံစားနိုင်လေသည်။
လက်မှတ်၂စောင်ကိုင်ရင်းလှမ်းလာတဲ့ဂျောင်ဂု။
ယုန်နားရွက်ထိုးထိုးထောင်ထောင်နဲ့သိပ်ပျော်နေပုံရတဲ့ တစ်ယောက်ကို ဝါးစားမတတ်အကြည့်စူးများပစ်လွှတ်နေသည်က ကျားနားရွက်ဘီးကုပ်ပိုင်ရှင်။
ရွှေအိုရောင်ခပ်ဖျော့ဖျော့ဆံနွယ်လေးများပေါ် ကျားဘီးကုပ်လေးကသိပ်ကိုချစ်ဖို့ကောင်းနေသည်။
ဂျောင်ဂုတွေဝေသွားရတယ်။ အခုပဲဖြစ်ဖြစ် ချွတ်ခိုင်းလိုက်ရမလား။ ချစ်သူက တအားချစ်စရာလေးဖြစ်နေတော့ခက်ပါ့။