Part:26

1K 80 44
                                    

Unicode

"ငါအဆင်ပြေပါတယ်။ အိမ်ပြန်ပြီးနားလိုက်ပါအုန်း ပွဲကြောင့် မောင် ပင်ပန်းနေမှာပဲ"

"အာ့လိုမပြောပါနဲ့ ထယ်ရယ်"

"ဒါဆို ဘာလုပ်စေချင်တာလဲ! ငါလည်း တစ်နေ့တစ်နေ့ မောင့်ကြောင့်အရမ်းစိတ်ပင်ပန်းနေရတာ!"

"....."

ခပ်ရှည်ရှည်မျက်တောင်မွှေးလေးများ စိုစွတ်လာသည်ထိ ထယ်ယောင်း မျက်ရည်တွေဝဲနေခဲ့တယ်။

ချစ်ရသူကို စိတ်ဆင်းရဲမှုတွေချည်း ပေး‌ခဲ့မိသည့် ဂျောင်ဂု မိမိကိုယ်တိုင်လည်း နာကျင်သည်။

ထယ့်ကိုမျက်ရည်ကျအောင်လုပ်ခဲ့မိတဲ့ကောင်က ချစ်တယ်ဆိုသည့် စကားကိုတောင် ဖွင့်ဟဖို့ တန်သေးရဲ့လား။

"ငါ့စကားဆိုအမြဲဥပေက္ခာပြုနေတာ မောင်ပဲ"

"....."

"လုပ်ချင်တာတွေလုပ်ပြီးရင် တောင်းပန်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့တင် ငါ့ဘက်ကပဲခွင့်လွှတ်ခဲ့ရတယ်"

"......"

"ဘယ်တော့မဆို သံသယစိတ်တွေနဲ့...."

"......"

"ကြာလာတော့~ မောင် ငါ့ကို တကယ်ချစ်တာမှဟုတ်ရဲ့လားလို့တောင် တွေးမိတယ်သိလား"

"ထယ်!!"

စကားလုံးတွေနှင့်ထိုးနှက်တိုင်း ဂျောင်ဂုငြိမ်‌ခံပေးနေခဲ့ပေမယ့် တကယ်မချစ်ဘူးဟုဆိုလာလျှင်တော့ ကိုယ်တိုင်မသိလိုက်ဘဲ စိတ်တိုစမြဲ။

ထယ့်ကိုသိပ်ချစ်သည်။ ပထမဆုံးအချစ်ဟာလည်းသူပဲ နောက်ဆုံးလည်း သူပဲ။ တက္ကသိုလ်ကျောင်းသားဘဝမှာ ထယ့်စကားအရာရာလိုက်နာခဲ့သော်လည်း အနုပညာနယ်ပယ်တွင်း ခြေဆန့်လာချိန်မှာတော့ ဂျောင်ဂုအတွက်စဉ်းစားစရာတွေဖြစ်လာသည်။

ချစ်သူနဲ့ ဘဝကိုထူထောင်ဖို့ရာ သူအောင်မြင်ဖို့လိုတယ်ဟု တစ်ထစ်ချသတ်မှတ်ခဲ့ပြီးတဲ့အတွက် တောင်းဆိုမှုတွေကို မလိုက်လျောပေးနိုင်တော့တာ အပြစ်ရှိတယ်ဟုဆိုလျှင်လည်း ကျေကျေနပ်နပ်ပဲခံယူလိုက်မည်။

သေချာတာကတော့ ထယ့်ကို ဘယ်တုန်းကမှ အချစ်မလျော့ခဲ့ဖူးသလို နောက်ပြောင်ကျီစယ်ပြီး ချစ်ရေးဆိုခဲ့တာမျိုးလည်းမဟုတ်ဘူး။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now