Part:20

464 59 12
                                    

Unicode

ကိုကိုပြန်ရောက်နေတယ်ဆိုသည့် သတင်းကို ဆောင်းယွန်းဟွာကြားပါ၏။ သို့ပေမယ့် မပိုင်ဆိုင်လိုက်ရတဲ့ အချစ်ဦးက တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ချိန်မှာတောင် သေချာပေါက် ကင်မ်ထယ်ယောင်းဆီကိုပဲ ခုန်ပေါက်ပြေးသွားခဲ့တာမလား။

အကြောင်းတစ်ခုကြောင့် ကိုကိုဟာ အာ့ဒီမိန်းမကိုလက်ထပ်ခဲ့တယ်။ တရားဝင်မဟုတ်မှန်းလည်းသူသိထားတယ်။ ကင်မ်ထယ်ယောင်းကို တစ်စိတ်တစ်ပိုင်းပြောပြလို့ရပါရက်နဲ့ တမင်တကာ ကိစ္စအားလုံးကို ကိုယ့်သဘောဆန္ဒအလျောက် ခဝါချပစ်ခဲ့သည်။

ငါမရနိုင်တဲ့အချစ်တစ်ခုကို ကင်မ်ထယ်ယောင်းလည်းရစရာအကြောင်းမှမရှိပဲ။

"ဂျောင်ဂု"

ဒူးဖုံးဂါဝန်အဝါနုရောင်လေးဖြင့် ဆောင်းယွန်းဟွာက ‌ခပ်လှမ်းလှမ်းမှ ဂျောင်ဂုအား လက်ယမ်းပြရင်း ခေါ်လိုက်သည်။

"ဘာကိစ္စလဲ"

"ရော့ ငါ့မွေးနေ့ဖိတ်စာ ကျိန်းသေလာခဲ့နော်"

ဂျောင်ဂုမျက်ခုံးတန်းနှစ်ဖက် တွန့်ချိုးသွားသည်။
ထယ်သိရင် ပြသာနာကထပ်တတ်အုန်းမှာ။

ဖြစ်နိုင်လျှင် ထပ်ပြီး သူတို့ချစ်သူနှစ်ဦးကြား မလိုလားအပ်တဲ့ အရာတွေကြောင့် အငြင်းမပွားချင်တော့ဘူး။

"အားရင်လာခဲ့မယ်"

အလိမ္မာနည်းကိုသုံး၍ စကားကိုအဆင်ပြေအောင်ပြောထားလိုက်သည်။

နောက်မှမသွားလည်းဖြစ်တာပဲ။

"အေးပါ ငါ ဦးလေးတို့ကိုလည်း ပြောပြီးပြီ အတူတူလာခဲ့ကြ"

"ဟမ် အဖေတို့ကိုရောလား"

"ဒါပေါ့ ငါကနင့်ကိုပဲကွက်ပြီးဖိတ်ရမှာလား လူကြီးတွေကိုအားနာစရာကောင်းအောင်လို့"

ဆောင်းယွန်းဟွာက ပြောစရာရှိတာပြောပြီး လှည့်ထွက်သွားသည်။

ဖိတ်စာကြီးကိုင်ရင်း သက်ပြင်းအကြီးအကျယ်ချလိုက်မိတာ။

အာ့နေ့ ဘယ်လိုဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးရပါ့မလဲ။

Bᴇʏᴏɴᴅ Tʜᴇ MᴇʟᴏᴅʏWhere stories live. Discover now