Unicode
စနေနေ့ရဲ့ မနက်ခင်းပိုင်းမှာ ယောအီဒိုပန်းခြံဆီ ထယ်ယောင်းတစ်ယောက် tanနဲ့အတူလမ်းလျှောက်ထွက်လာခဲ့သည်။
ရက်ပိုင်းလောက်က အသက်ရှုရခက်ခဲခဲ့တဲ့ tan ရဲ့ကျန်းမာရေးကိုအထူးဂရုစိုက်နေရ၏။
မီးလောင်စဉ်တုန်းက ရှုသွင်းခဲ့မိသည့် မီးခိုးငွေ့များက အဆုတ်ထဲ damage ဖြစ်ခဲ့ပုံရတယ်ဟုဆရာဝန်ကဆိုသည်။
အာ့တုန်းက ဒီစုတ်ဖွားလေးမှာ ကလေးသာသာပဲရှိသေးတာမို့ မသေရုံတမယ် ကပ်သီးလေးလွတ်လာခဲ့ခြင်းပင်။
ယောအီဒိုပန်းခြံသည် ဟန်မြစ်၏ပတ်ပတ်လည်ကိုဝန်းရံထားသောနေရာတစ်ခုဖြစ်လေရာ ဆိုးလ်မြို့ရဲ့ လှပမှုကိုခံစားနိုင်ရုံသာမက ဖြောင့်ဖြူးသော လမ်းသွယ်လေးတို့မှာလည်း စက်ဘီးစီးဖို့ရာအတွက် အကောင်းဆုံးနေရာ။
ပန်းခြံတစ်ပတ် လမ်းလျှောက်ကြည့်လိုက်တော့ နဖူးပြင်ပေါ်၌ ချွေးစလေးတို့ခိုကပ်လာရတယ်။
ငပျင်းလေး tan က ခဏပဲလျှောက်ပြီး သူညောင်းလာလျှင် ဖင်ကို မြေကြီးနဲ့ကပ်ထားတော့တာ။
အနီးနားရှိ ခုံတန်းလေးပေါ် ထိုင်ကာ အမောဖြေနေစဉ် ခြေထောက်တစ်ဖက်ဆီ လှိမ့်လာတဲ့ ဘောလုံးလေး။
ကာတွန်းရုပ်လေးတွေဖြင့် အဝါရောင်ဘောလုံးလေးကို ထယ်ယောင်းဒီတိုင်းပဲကြည့်နေလိုက်သည်။
မကြာလိုက် လှုပ်တုပ်လှုပ်တုပ်ဖြင့်ရောက်လာတဲ့ ဘောလုံးပိုင်ရှင်ဟုထင်ရသော ပိစိကွေးတစ်ယောက်။
သူ့လက်သေးသေးလေးတွေဖြင့် ကောက်ယူပြီး ထယ်ယောင်းကိုရီပြနေသေးသည်။
ကလေးဆိုလျှင် မြူရကောင်းမှန်းတောင်နားမလည်တဲ့ ထယ်ယောင်းက တုံဏိဘာဝေမျက်နှာဘေးဖြင့်သာ။
"အာညော်~ "
မြက်ခင်းပြင်ပေါ် တစ်ရေးမှေးနေတဲ့ ဆရာသမားအား ထိုပိစိက သဘောကျသွားပုံရတယ်။
လက်သေးသေးလေးတွေဖြင့် ပွတ်သပ်လာသည်ကို tan ကငြိမ်ခံနေခဲ့ခြင်း။
ပုံမှန်သူစိမ်းအကပ်မခံသည့် စုတ်ဖွားက ကလေးတွေကိုတော့ချစ်ပုံရပါသည်။