Unicode
မှောင်ရိပ်ပျိုးလာပြီဖြစ်တဲ့ဆိုးလ်မြို့ရဲ့ညနေခင်း။
တည်ကြည်လေးနက်သောအသံဖြင့် အမှန်တကယ်ပင် အယူခံဝင်လာခဲ့သည့် ဂျောင်ဂုရဲ့တောင်းဆိုချက်အပေါ်ထယ်ယောင်းဘာမှမတုံ့ပြန်မိပါ။တိတ်ဆိတ်ငြိမ်သက်နေတဲ့ အနေအထားမှာ တစ်အိမ်ကျော်က ပုစဉ်းရင်ကွဲသံကိုတောင်ရှင်းလင်းစွာကြားရသည်။
အချိန်အတန်ကြာစိုက်ကြည့်နေဆဲဖြစ်သည့် ဂျောင်ဂုမျက်ဝန်းတွေကိုရင်မဆိုင်ရဲဘူး။ မသိမသာဘေးသို့အကြည့်လွှဲထားရင်း ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်ရမလဲပဲစဉ်းစားနေမိတယ်။
"အယူခံဝင်တိုင်း မင်းဟာ အခွင့်အရေးရှိသတဲ့လား ဂျောင်ဂု"
ထိုးစစ်ဆင်လာတဲ့ ထယ်ယောင်းရဲ့စကားသံမှာနူးညံ့မှုများရှိမနေခဲ့ပေ။ သို့ပေမယ့် တယောလေးကို ရင်မှာပိုက်ရင်း ဂျောင်ဂုက ခပ်ဖွဖွပြုံးသည်။ သူ့ရဲ့မျက်ဝန်းထဲမှာ စိတ်ပျက်သွားတာမျိုးတစ်စိုးတစ်စိလေးတောင်ကပ်ညှိမနေခဲ့ဘူး။
"တစ်ခါအပယ်ခံရရင် နောက်တစ်ကြိမ်ကြိုးစားမယ်"
"...."
"ကျွန်တော်က အချစ်အတွက်အယူခံဝင်တာပါ အပြစ်တစ်ခုမှမဟုတ်ပဲ ထယ်"
"မင်းငါ့ကိုနည်းနည်းလေးတောင်စိတ်မပျက်ဘူးလား"
"အိုဗျာ ခက်တော့နေပြီ၊ စိတ်ပျက်ဖို့နေနေသာသာ တစ်နေ့ထက်တစ်နေ့ over limit မချစ်မိအောင်ကြိုးစားနေရတဲ့ကောင်ပါ"
စကားအရာမှာကြွယ်လွန်းလှတဲ့ ဂျောင်ဂုကိုထယ်ယောင်း လက်မြှောက်ရတော့မယ့်ကိန်းဆိုက်နေလေသည်။ ဒါပေမယ့် ရှိရင်းစွဲမာနလေးကမခံချင်ပြန်တော့ မနည်းအားတင်းထားရတယ်။
"ငါနဲ့တွဲရင် မင်းစိတ်ရှုပ်ရလိမ့်မယ်"
"ထယ်မို့အဆင်ပြေတယ်"
"ငါက တအားချုပ်ချယ်တဲ့လူမျိုး"
"ကျွန်တော်ကိုယ်တိုင်လည်းအချုပ်ခံချင်နေတာ"
"ပြီးရင် တအားသဝန်တိုစိတ်များတယ်"
"ဒါကချစ်လို့ပဲလေ ကျွန်တော်ကပိုတောင်ကျေနပ်သေးဗျာ"
![](https://img.wattpad.com/cover/315106584-288-k735519.jpg)