Unicode
သတိရ၍ နာရီကိုကြည့်မိတော့ငါးနာရီခွဲခါနီးပြီဖြစ်သည်။ ထယ်ယောင်း စာကြည့်တိုက်ကိုဝေ့ဝဲကြည့်မိတဲ့အခါ သူတစ်ဦးတည်းသာ ကျန်နေခဲ့ပုံပေါ်၏။ ခြောက်နာရီဆိုလျှင်ကျောင်းဂိတ်တံခါးပိတ်တာမို့ laptop ကိုပိတ်၍ လွယ်အိတ်ထဲသို့ထည့်လိုက်သည်။ မတ်တပ်ရပ် ကျောခိုင်းပြီးကာမှ အနောက်မှာကျန်ခဲ့သည့် note စာအုပ်အပြာရောင်လေးကိုတစ်ဖန်ပြန်လှည့်ကြည့်မိသည့်အခါ....
လျစ်လျူရှုဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ စာကြည့်တိုက်တံခါးဝနားသို့အထွက် လူတစ်ယောက်ပိတ်ရပ်လာတာကြောင့် မော့ကြည့်မိစဥ်ထယ်ယောင်းမျက်ဝန်းလေးများအနည်းငယ်ဝိုင်းစက်သွားခဲ့သည်။
“သေစမ်း”
ပြန်ခါနီး ပစ္စည်းတွေသိမ်းနေတုန်း ဂျောင်ဂုရဲ့ရေရွတ်သံကြောင့် မင်ဟျူက ဘာဖြစ်တာလဲဟဆိုသည့်မျက်နှာဘေးဖြင့်လှည့်ကြည့်၏။
“ငါ့ note စာအုပ် စာကြည့်တိုက်မှာကျန်ခဲ့ပြီ။ မနက်ဖြန် အတွက် violin note တွေလေ့ကျင့်ရအုန်းမှာကို”
ဆံပင်များကိုဆွဲဖွပြီး မချိတင်ကဲရွတ်ဆိုလိုက်သည့် ဂျောင်ဂုက အမှန်တကယ်စိတ်ညစ်နေပုံ။
“ပြန်ရမှာပါကွာ စာအုပ်အဖုံးမှာနာမည်ထိုးထားတယ်မဟုတ်လား”
“ရေးတော့ရေးထားပေမယ့် ဘယ်လိုသိနိုင်မလဲ ။ ပျောက်ချင်ရင် ပျောက်သွားနိုင်တယ်”
“ထိုင်ပြီး စိတ်ညစ်မနေနဲ့ ဟေ့ကောင်။ ကျောင်းတံခါးပိတ်တော့မယ် မနက်ဖြန်မှရှာရအောင်။ အကယ်၍ မတွေ့ဘူးဆိုရင် ကျောင်းဘုတ်မှာ ငါတို့စာသွားကပ်ကြတာပေါ့”
ထိုစဉ် တယောလွယ်အိတ်ကို ကောက်လွယ်၍ ဂျောင်ဂုက တစ်နေရာသို့သွားရန်ဦးတည်နေသည်။ မင်ဟျူက ပြူးကြည့်နေပြီး အခုထိ ဘာလုပ်မယ်မှန်းမသိရ။
“အာ့တာ ဘယ်သွားအုန်းမှာတုန်း”
![](https://img.wattpad.com/cover/315106584-288-k735519.jpg)