Unicode
ဒီတစ်ပတ်ပြုလုပ်မည့် Fashion week ပွဲမှာ Celine BA အနေဖြင့် ထယ်ယောင်း တက်ရောက်ရမည်ဖြစ်သည်။ နောက်ပြီး ကိုယ်ပိုင် stylist တစ်ဦးကိုလည်း Company က စီစဉ်ပေးသည်။ ရှေ့လျှောက် လုပ်ရမယ့် schedule တွေကို ထို stylist နဲ့လက်တွဲရမှာဖြစ်၏။
မိတ်ကပ်ဆရာမက နားနေခန်းအတွင်း ထယ်ယောင်းမျက်နှာနုနုအား ခြယ်သပေးနေသည်။
"နာရီဝက်နေရင် စပါမယ်"
တံခါးနားကိုလာ၍ သတိပေးသွားသော ဓာတ်ပုံဆရာကို ခေါင်းငြိမ့်ပြလိုက်တယ်။
အရုပ်လေးနဲ့တူသည့် မျက်နှာကို ပြင်ခွင့်ရတဲ့သူမအဖို့ သိပ်ကိုစိတ်ချမ်းသာရပါသည်။
ဘယ်ကာလာ တင်တင် လိုက်ဖက်တဲ့ ရုပ်ဆင်းအင်္ဂါကြောင့် လိုချင်သော make up lookက ပြီးပြည့်စုံစွာထွက်လာ၏။
"stylist အသစ်ရောက်မယ်ကြားတယ် ထယ်ယောင်း"
"အင်း"
"styling နဲ့ပတ်သက်ပြီး အတော်နာမည်ကြီးတဲ့သူဆိုပဲ"
"အစ်မဆုန်း သိလို့လား"
"နာမည်မေ့နေတာ ရုပ်ကိုတော့မှတ်မိတယ် ဟိုနေ့က မန်နေဂျာကြီး နဲ့စကားပြောနေတာလေ"
"အော်"
ထယ်ယောင်း သာမာန်ကာလျှံကာပင် ဖုန်းကိုသာ ပြန်သုံးနေလိုက်သည်။
ခုတလော မောင် ငါ့ကို သိပ်ပြီးဖုန်းမဆက်ပါလား။ အရင်ဆိုလျှင် မနက်တစ်ခါ ဆက်ပြီးပြီ။ အခု မနေ့ညတည်းက မက်ဆေ့ဂ်ျလေး တစ်ကြောင်းတောင်ပို့မလာတာ။
လက်ချောင်းသွယ်များ ခပ်သွက်သွက်လှုပ်ရှားလိုက်ပြီး
"ညနေ ငါ့ကိုလာကြိုမှာလား"
sent ဆိုပြီး အတည်ပြုသွားသော်လည်း ဝင်မဖတ်သေးပါချေ။
ရိုက်ကူးရေး စရတော့မှာမလို့ သက်ပြင်းလေးသာ ခပ်ဖွဖွချကာ မှန်တင်ခုံပေါ် ဖုန်းကိုတင်ထားခဲ့သည်။
Beyond The Melody _
"အစ်ကို့ကို ဘာပြောစရာရှိလို့လဲ"
အလုပ်ထဲ လိုက်လာသည့် ဆောင်းယွန်းဟွာကို လီဂန်အူ နားနေခန်းထဲ၌ ကော်ဖီတစ်ခွက်ဖြင့်ဧည့်ခံရင်း ရောက်လာရသည့် အကြောင်းကို မြန်မြန်ပဲမေးလိုက်တယ်။

YOU ARE READING
Bᴇʏᴏɴᴅ Tʜᴇ Mᴇʟᴏᴅʏ
Fiksi PenggemarCAN YOU PLAY ME A SONG/ / Jeon Jungkook × Kim Taehyung