< Unicode >
" လီရှီးချန်ရဲ့ ပြဿနာက ဒီက စတာပဲကွ "
Treat me soft and tender
Oh can you love me like
Can you love me like
Can you love me like that ..-
ဒိတ်ဒိတ်ကြဲ သခင်လေးမလို့ အထက်တန်းကျောင်းတွင်း တင်မက စီးပွားရေး လောကမှာပါ လီရှီးချန်ကို မသိတဲ့လူ မရှိဘူး။ အဖိုးဖြစ်သူရဲ့ အာဏာတွေ ကြွယ်ဝမှုတွေကို သူ့ရဲ့ တစ်ဦးတည်းသော မြေးဖြစ်သူက ရထားတယ်။ ရုပ်ရည်ကတော့ မြင်သူ ငေးရလောက်အောင် ချောမောတယ်။ မြင့်မားတဲ့ အရပ်ရှိတယ်။ မျက်နှာအစိတ်အပိုင်းတွေအကုန် ပြစ်မျိုးမှဲ့မထင် လှပပေမယ့် အထူးခြားဆုံးကတော့ မျက်လုံးတွေပဲ။ သခင်လေး လီရှီးချန်ရဲ့ မျက်လုံးတွေက လှပတယ် ထက်မြက်တယ် ခက်ထန်တယ် နူးညံ့တယ်။
အမျိုးစုံ ဖော်ပြလို့ ရနိုင်တာပါပဲ။လက်ရှိမှာတော့ ကျောင်း ဘောလုံးကွင်းထဲမှာ
ဖြစ်တယ်။ လီရှီးချန်က ပလတ်စတစ် ရေသန့်ဗူး ထဲက အေးစက်နေတဲ့ ရေကို မော့ချပစ်လိုက်ပြီး
သူ့ရင်တွင်းက အပူတွေကို ငြှိမ်းပစ်လိုက်တယ် ။ ချွေးတွေ ရွှဲရွဲစိုနေတဲ့ ဆံပင်တွေကို သပ်တင်လိုက်တယ်။ အော်သံတွေ စိုးမိုးသွားတဲ့အခါ မခို့တရို့လေး အော်သံတွေ လာရာဘက်ကို ကြည့်လိုက်တယ် ပြီးတော့ နှုတ်ခမ်းထောင့်စွန်းလေးက ကွေးတယ် ဆိုရုံလေး ကွေးလိုက်တယ်။လီရှီးချန်က လူတွေရဲ့ အာရုံစိုက်မှုတွေကို အပြည့်အဝ ရထားတယ်။
သို့ပေမယ့် လီရှီးချန် ရဲ့ ရင်တွင်းက အပူက တစ်စပြီးတစ်စ ပိုပို ပူလောင်လာပြီး လောင်ကျွမ်းစေတယ်။ ဒါကတော့ အဖိုးဖြစ်သူ နိုင်ငံခြား မသွားမီ ပြောခဲ့တဲ့ စကားနဲ့ ရေးခဲ့တဲ့ စာကြောင့်ပဲ။
" ငါ့ရဲ့ အိမ်မက်က တစ်စုံတစ်ယောက်ရဲ့ အိမ်မက်တွေကို ဖြည့်ဆည်းပေးဖို့ရယ် အဲ့တစ်စုံတစ်ယောက်ကို ကူညီဖေးမဖို့ရယ် အဲ့ဒီအတွက် ဒီကလေးကို သူ့ခြေထောက်ပေါ် သူ ရပ်တည်နိုင်တဲ့အထိ ကူညီထောက်ပံ့စောင့်ရှောက်ပေးဖို့ ဒီ အိမ်တော်ရဲ့ တာဝန်ပဲ အထူးသဖြင့် လီရှီးချန် "
လီရှီးချန်အနေနှင့်တော့ ဒီကိစ္စကို စိတ်ပျက်ရတယ်။ သူစိမ်းတစ်ယောက်အတွက် ငွေကုန်ကြေးကျခံမယ့် ကိစ္စကို လီရှီးချန် မုန်းတယ်။ အထူးသဖြင့် မြေးအရင်း ဖြစ်သူနှင့် တန်းတူ အခွင့်အရေးတွေ ရမယ်ဆိုတာ မြင်ရတော့ ပို စိတ်ဒုက္ခရောက်ရပြန်တယ်။ တစ်ယောက်တည်းနေရတာကို ကြိုက်တဲ့ လီရှီးချန်ဖို့တော့ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ။
YOU ARE READING
GORGEOUS
Fanfiction" Whisky on ice , sunset and vine SungHoon has ruined my life by not being mine " [ Li Xicheng & Park Sunghoon ]