Chp 8

1K 122 8
                                    

< Unicode >

" တိမ်တောက်ချိန် သက်တံ့က ကောင်းကင်ပေါ် ရှိနေတဲ့အချိန် မင်းနဲ့ တူတူ လမ်းလျှောက်နေရတာ ကိုယ် အရမ်းပျော်တယ် "

-

အချိန်အားဖြင့် ညနေ လေးနာရီခွဲခန့် ဖြစ်တယ်။

ကျောင်းအင်္ကျီကို သေသေသပ်သပ် မဝတ်ဆင်ထားပဲ ရင်ဘတ် ပြဲနေတဲ့အထိ ဝတ်ဆင်ထားတဲ့
လီရှီးချန်နဲ့ နံဘေးတွင် စံပြကျောင်းသား ကဲ့သို့ သေသေသပ်သပ် ဝတ်ဆင်ထားတဲ့ ဆောင်းဟွန်း။ ကျောင်းဆင်းချိန် ဖြစ်သောကြောင့် လူတွေ များနေသဖြင့် သူတို့ကို သီးသန့် သတိထားမိတဲ့ လူလည်း
မရှိတော့။

ခဲဝါရောင် တိမ်တောက်ချိန်မှာ ထွက်ပေါ်လာတဲ့
ခုနှစ်စဉ်ရောင် သက်တံ့တို့က ကောင်းကင်ယံထက် နေရာယူနေတယ်။ တိမ်စိုင်တွေက လီရှီးချန်ရဲ့ ဘယ်ဘက်ခြမ်းတွင် နေရင်း လီရှီးချန်ရဲ့ မျက်နှာကို အလင်းရောင်ပေးထားရင်း ထောက်ပံ့ပေးနေသလို ဖြစ်နေတယ်။ နိမ့်ချေမြင့်ချေဖြစ်နေတဲ့ ရင်ဘတ်နဲ့ အထက် ၊ အောက် ရွေ့လျားသွားတဲ့ လည်စလုတ်

ထို့နောက် ချွေးစိုနေတဲ့ ဆံပင်တွေကို အပေါ်ဘက်ကို သပ်တင်ပစ်လိုက်တယ်။

ဆောင်းဟွန်း ကမူ လီရှီးချန်ကိုသာ ငေးကြည့်နေရင်း..။ လီရှီးချန်ရဲ့ အနောက်တွင်မူ သက်တံ့တို့က နေရာယူထားတယ်။ ဒါကလည်း လီရှီးချန်ရဲ့ ချောမောမှုကို ထပ်မံ ထောက်ပံ့ပေးနေပြန်တယ်။

" တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်နဲ့
နေမကောင်း ထပ်ဖြစ်ရပြီ "

" မလိုပါဘူး မင်းကြောင့်မှ မဟုတ်တာ "

" ဒါပေမဲ့ ကျေးဇူးတင်ပါတယ် ငါ့ဘေးနားမှာ
ရှိနေပေးလို့ "

ဆောင်းဟွန်းရဲ့ မျက်ဆံလေးတွေက ပို၍ မည်းနက်သွားတော့တယ်။ လီရှီးချန် ကမူ ဆောင်းဟွန်းကို သိပ်မကြည့်နေ ကောင်းကင်ကြီးကိုသာ ကြည့်နေတယ်။ ဆောင်းဟွန်းရဲ့ သေသေသပ်သပ် ဝတ်ဆင်ထားပုံ ၊ ပုံသွင်းထားတဲ့ ဆံပင်တွေ ၊ လက်က
ကိုင်ထားတဲ့ စာအုပ်နှစ်အုပ်လောက်ရယ် အဝေးက ကြည့်ရင်တောင် စာဂျပိုး ကောင်လေးမှန်း သိသာတယ်။ ဒါကို လီရှီးချန် ရယ်ချင်သော်ငြား ထိုကောင်လေးရဲ့ မျက်နှာပေါက်ကမူ ဂရိက ရုပ်တုတွေထက်အောင် လှပပြီး နွားနို့ကဲ့သို့ ဖြူဖွေးနူးညံ့နေသော အသားအရည်ကတော့ လျစ်လျူရှူလို့ မရတဲ့ အရာပင်။

GORGEOUS  Where stories live. Discover now