Chp 12

687 81 1
                                    

< Unicode >

" ​ဆောင်းဟွန်း စကား​တွေက လီရှီးချန်ကို .. ဝမ်းနည်း​စေ​ပေမယ့် တစ်ချိန်တည်းမှာပဲ ​ပျော်ရွှင်​စေပါတယ် "

-

လီရှီးချန်က ထိုင်ခုံ​ပေါ် ​ခြေ​ထောက်ချိတ်ထိုင်လျက် ​ဘေးနားရှိ ​ကော်ဖီခွက်ထဲမှ ​ကော်ဖီကို တစ်ငုံ​သောက်လိုက်တယ်။ ​လက်ဖျား​ခြေဖျား​တွေက အစ အေးစက်​နေ​ပေမယ့် လီရှီးချန်က ဘာကိုမှ ရင်ဆိုင်ရမှာ
မ​ကြောက်သလို စိတ်မလှုပ်ရှားသလို မျက်နှာ​သေဖြင့်သာ ထိုင်​နေတယ်။

" ​ဆောင်းဟွန်း အ​ဖေက လက်ရှိ ​ထောင်ထဲမှာ ကျန်းမာ​ရေး မ​ကောင်းဘူးလို့ သိရပါတယ်
ဆွေမျိုးဆိုလို့ လက်ရှိ အ​ဒေါ်ပဲ ရှိပါ​တော့တယ် "

" ဒါက ​ဆောင်းဟွန်း အ​ဖေရဲ့ အမှုဖိုင်တွဲပါ "

လီရှီးချန်က စကား​​တွေ ထပ်မ​ပြော​တော့ပဲ ဖိုင်တွဲကို ဖွင့်ကြည့်လိုက်တယ်။ ထို့​​နောက် ​မျက်​မှောင်ကြုတ်လျက်

" မိန်းမဖြစ်သူနဲ့က​လေးကို အကြမ်းဖက်
နှိပ်စက်မှု၊လူသတ်မှု .. သားကို ပြန်ပြီး
သတ်တဲ့အမှု ဟုတ်လား "

" ​​ဆောင်းဟွန်းကို အဲ့မတိုင်ခင်ကလည်း အကြမ်းဖက် နှိပ်စက်ခဲ့တာ​တွေ​ကြောင့် ဒဏ်ရာဒဏ်ချက်​တွေနဲ့ ​အမြဲတမ်းပါပဲ နောက်ဆုံးက​တော့ ​ဆောင်းဟွန်းကို ဓါးနဲ့ထိုးလိုက်တာပါပဲ
​ဆောင်းဟွန်းအ​မေကလည်း အဲ့​​နေ့ကတည်းက နှလုံးထ​ဖောက်လို့ ဆုံးသွားခဲ့တယ် "

" အဲ့​နောက်ပိုင်း ​​ဆောင်းဟွန်းက ​ဆေးရုံမှာ သတိရလာပြီးကတည်းက တစ်​ယောက်တည်း ဖြစ်သွားခဲ့တယ် "

လီရှီးချန် မိနစ်ပိုင်း​လောက် ငြိမ်သက်သွားကာ ဘာစကားမှ ထပ်ပြီး မ​ပြောလာ​တော့ပါ။ မျက်နှာက​တော့ မျက်နှာ​သေ ဖြစ်​နေဆဲ​ပေမယ့် မျက်လုံး​တွေက​တော့ မ​တောက်​ပြောင်​နေ​တော့ပါ။ လက်သီးတင်းတင်း ဆုပ်ထားပြီး ​​အတတ်နိုင်ဆုံး ​​​​
ဒေါသမထွက်​အောင် ထိန်းချုပ်ထားတဲ့ ပုံစံဖြင့်

" အဲ့ဒီ အ​ဒေါ်​က​ရော ... "

" ​ဆောင်းဟွန်းက အဲ့ဒီအိမ်ကို ပြန်သွားရှာခဲ့​တော့လည်း အ​ဒေါ်ဖြစ်သူက ကိုယ်ထိလက်​ရောက်
လုပ်ခဲ့ပါတယ် ​ဆောင်းဟွန်း ဒဏ်ရာ​တွေနဲ့ ပြန်လာတဲ့​နေ့ကပါ "

GORGEOUS  Where stories live. Discover now