Chp 2

961 134 4
                                    

Unicode

" သွေးအေးတဲ့ ကောင်လေးက စိတ်ဝင်စားဖို့ကောင်းတယ် "

-

" ကောကော "

တံခါးခေါက်သံနဲ့အတူ အသံအေးအေးလေး တစ်ခု ပေါ်ထွက်လာခဲ့တယ်။ လီရှီးချန် မျက်လုံးတွေ ပြူးကျယ်သွားပေမယ့် ဒါတွေကို သိသာအောင်
မထုတ်ပြချင်။ လီရှီးချန် လေသံမာမာနဲ့ ပြောပြီး
တံခါးဖွင့်ပေးလိုက်တဲ့အခါ ရုတ်တရက် သူ့မျက်လုံးလှလှလေးတွေထဲ အမည်တပ်မရနိုင်တဲ့ အရိပ်လေးတစ်ခု ဖြတ်သန်းသွားတော့တယ်။

ရေတွေ ရွဲစိုနေတဲ့ ဆံပင်တွေကို လက်နဲ့ ခါနေရင်း ဝေတွေနေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကို စိုက်ကြည့်နေလို့ပဲ ဖြစ်တယ်။ ဆောင်းဟွန်းက တီရှပ်အဖြူရောင်နဲ့ ဘောင်းဘီရှည်အညိုရောင်ကို တွဲဖက်ဝတ်ဆင်ထားတယ်။  လီရှီးချန် ဆောင်းဟွန်းကို မျက်တောင်မခတ်တမ်းကြည့်ရင်း ကြောင်အသွားပေမယ့် လေသံမာမာနဲ့ပဲ

" အရှေ့ကို တစ်လှမ်းမှ မတိုးလာနဲ့ "

လေသံမာမာကြောင့် ဆောင်းဟွန်း တုန်လှုပ်ပြီး အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်သွားတယ်။ ဒါပေမဲ့ ဝေတွေပြီး စိုက်ကြည့်နေတုန်းပဲ။ ဖြူဖွေးနေတဲ့ အသားအရည်နဲ့ မည်းနက်နေတဲ့ ဆံပင်စိုစိုတွေနဲ့က လီရှိချန်ကို စိတ်လှုပ်ရှားစေပြန်တယ်။
ဒုတိယမြောက် စိတ်လှုပ်ရှားခြင်းပဲ။

" ကျွန်တော် မနက်ဖြန် ကောကောနဲ့ တူတူ ကျောင်းတက်ရမှာမလို့ အဲ့ဒါ ... "

" အဲ့ဒါ ဘာဖြစ်လဲ "

" ကောကောနဲ့ တူတူသွားရမယ်တဲ့ "

" ကိုယ့်ဟာကိုယ် သွားလိုက် ငါ မင်းကို ကားပေါ် မတင်သွားနိုင်ဘူး "

ဝမ်းနည်းရိပ် မသမ်းသွားတဲ့အပြင် ပါးချိုင့်လေး ပေါ်လာအောင်ပါ ပြုံးပြသွားတာမလို့ လီရှီးချန်
ဘာစကားမှ ပြောမထွက်တော့။ ထို့နောက် " ကောကော မကြိုက်ရင် သိပါပြီ ကောင်းကောင်း အိပ်ပါ " ဆိုပြီး ညနေခင်းကြီးမှာ နှုတ်ဆက်သွားတယ်။ ကြောင်တောင်တောင် ကောင်လေးပဲ။

ပိုပြီး  ကြောင်တောင်တောင်နိုင်တာကတော့ သူ
စိတ်လှုပ်ရှားနေတာတွေက မရပ်သွားတာပဲ။








GORGEOUS  Where stories live. Discover now