Chp 6

868 121 10
                                    

< Unicode >

" လရဲ့ ဖြားယောင်းမှုကြောင့် မဟုတ်ပဲ ငါ့ရဲ့ ခံစားချက်ကြောင့်ပဲ လို့ မပြောရဲတဲ့ ငကြောက် သခင်လေး "

-

လီရှီးချန် အိပ်စက်နေတဲ့အခါ ဆောင်းဟွန်း က
လီရှီးချန်ရဲ့ လက်တွေကို ဆုပ်ကိုင်ထားရင်း ခေါင်းချ အိပ်စက်နေခဲ့တယ် .. ။ ဆောင်းဟွန်း အနေနှင့်
ကောကော ကောကော ဟု တဖွဖွ ခေါ်ရင်း အိမ်တော်ထဲ၌ ဂနာမငြိမ်ဖြစ်ကာ ကူညီနိုင်သမျှ ကူညီပေးခဲ့တယ်။ အခုတော့ သူ့ ကောကော အိပ်မောကျသွားပြီဖြစ်၍ သူပါ မောပန်း၍ အိပ်စက်နေခြင်းသာ။

ဒီမြင်ကွင်းကလည်း အိမ်တော်ထဲက လူတွေကို အံ့ဩမှင်သက်စေပြီး သွေးသားမတော်စပ်တဲ့ ညီအစ်ကို နှစ်ယောက် သံယောဇဉ် စတွယ်လာပြီလို့ ယူဆကုန်တယ်။ ဆောင်းဟွန်း ဆိုတာ
ရောက်လာကတည်းက အေးအေးလူလူ နေတဲ့ ကလေးမျိုး။ ယနေ့ ည ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကတော့ အားလုံးကို မှင်သက်စေတာပါပဲ။

-

မိုးသားကင်းစင်နေသော ကောင်းကင်ယံအထက်၌ ကြယ်လေးတွေက မှိတ်တုတ် မှိတ်တုတ်။ ည၏ အေးစိမ့်မှုနှင့် လသာနေတဲ့ ညတစ်ညမလို့ လမ်းမထက် လရဲ့ အလင်းရောင်တွေက ငွေရည်ဆမ်းထားသလိုပါပဲ။ တိတ်ဆိတ်မှုတွေသာ ကြီးစိုးနေ၍ မေးစရာ မေးခွန်းတွေ အတွေးတွေ များနေသော်လည်း စကားမစမိကြ။ တကယ်ကို တိတ်ဆိတ်နေတဲ့ ညတစ်ညပါပဲ။  

ခြံထဲ ဘေးချင်းကပ်ရက် လမ်းလျှောက်ကြရင်း 

လက်သန်းချင်း ထိမိတဲ့အခါလည်း တစ်ယောက်မှ
မရုန်း မသိချင်ယောင်သာ ဆောင်နေကြရင်း။

ညမွှေးပန်း ရနံ့လေးတွေက လူကို ရစ်မောစေတယ်။ 

လေအေးလေးတွေ တိုက်ခတ်လာတဲ့အခါ နှစ်ယောက်သားရဲ့ ဆံနွယ်တွေက ခပ်ဝဲဝဲ။

နေမကောင်းသေးသဖြင့် အနည်းငယ် ဖြူဖျော့နေသော မျက်နှာဖြစ်နေသော်ငြား လီရှီးချန်ရဲ့ စူးရှမည်းနက်၍ ခက်ထန်နေတဲ့ မျက်လုံးတွေက အရင်အတိုင်းပါပဲ။

နဂို အေးတိအေးစက် သခင်လေး ပုံစံအတိုင်းပင်။

လရဲ့ အလင်းရောင်က လီရှီးချန်ရဲ့ မျက်နှာပေါ် ဖြာကျနေတဲ့အခါ သူ့ရဲ့ မျက်ဝန်းတွေထဲ ကြယ်လေးတွေလို မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတယ်။
သို့ပေမယ့် ခက်ထန်နေဆဲပါပဲ။ လီရှီးချန်ရဲ့ လရောင်အောက်က ပုံစံက ယောကျာၤးအလွန်ဆန်ပြီး
ဆွဲဆောင်မှုရှိနေတယ်။ 

GORGEOUS  Where stories live. Discover now