< Unicode >
" ဆောင်းဟွန်း ရဲ့ ကောကော "
-
ဆောင်းဟွန်း ဘဝမှာ လုပ်ချင်တာရယ်လို့ မရှိခဲ့သလို ဘာကိုမှလည်း စိတ်မဝင်စားခဲ့ပါဘူး သို့ပေမဲ့ ဆောင်းဟွန်း တစ်ခါမှလည်း စိတ်မညစ်ဖူးသလို ဒါဟာ နောက်ကျရင် သူ့ဟာနဲ့သူ ဖြစ်သွားလိမ့်မယ် လို့ တွေးမိပေမယ့် လီရှီးချန်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်း
ဆောင်းဟွန်းဟာ သူ့ကိုယ်သူ အများကြီး လိုအပ်နေသေးတယ်လို့ ခံစားလာရတယ်။လူတစ်ယောက်ကို သဘောကျမိရင် ဒီလိုမျိုးပါလား။
လူတစ်ယောက်က သူ့ထက် ပညာအဆင့်အတန်းရော မိသားစု အခြေအနေရော ပိုမြင့်မားနေရင် ပိုပြီး သိမ်ငယ်စိတ် ဝင်မိတတ်တာလား။ သဘောကျပါရက် တကယ်တမ်းကျ မထိုက်တန်ဘူး လို့ တွေးမိလာတာလား။သူ ကောကောကို တွေ့မိတိုင်း ဒီလို တွေးနေမိပါလား။ အထူးသဖြင့် ဒီနေ့။ မိသားစု နောက်ခံအသိုင်းအဝိုင်း ကွာခြားချက်က များလာတဲ့အခါ သူ စိတ်ပျက်ရပါတယ်။
-
လီရှီးချန်က မထီမဲ့မြင် မျက်နှာအမူအရာ ဖြင့် ကျောင်းဝတ်စုံ အဖြူရောင်ကို ဘောင်းဘီအပြင် ထုတ်ဝတ်ထားတယ်။ အိမ်တော်ထဲ ဝင်ဝင်ချင်း ဆောင်းဟွန်းရဲ့ အရိပ်အယောင်ကို မတွေ့ရတာ
ကြောင့် လီရှီးချန် မျက်မှောင်ကြုတ်လိုက်တယ်။ ထို့နောက် မေးငေါ့ပြလျက် မေးတယ်။" ဆောင်းဟွန်းရော "
" သူ အခန်းထဲက မထွက်လာပါဘူး "
" ကျောင်းသွားနေတဲ့ တစ်လျှောက်လုံးရော "
" သခင်လေး ကျောင်းသွားနေတဲ့ တစ်လျှောက်လုံးလည်း ထွက်မလာခဲ့ပါဘူး "
လီရှီးချန် နှုတ်ခမ်းတင်းတင်းစေ့ထားပြီး
ဆောင်းဟွန်း အခန်းထဲကို ဝင်သွားလိုက်တယ်။ မနေ့ကတည်းက ဘာဖြစ်နေလဲ မသိပေမယ့် အနည်းဆုံးတော့ ဆောင်းဟွန်း ဘေးနားမှာ ရှိချင်မိတယ်။
အဲ့ဒီကောင်လေး ဘေးနားမှာသာ သူရှိနေရရင် အနည်းငယ် စိတ်သက်သာရာရမိမယ် ထင်တယ်။
ဆောင်းဟွန်း တစ်ယောက်တည်း နေနေရင် သူ ..
မနေတတ်ဘူး။ အမှန်အတိုင်းပြောရရင် သူ စိတ်ပူတယ်။
YOU ARE READING
GORGEOUS
Fanfiction" Whisky on ice , sunset and vine SungHoon has ruined my life by not being mine " [ Li Xicheng & Park Sunghoon ]