Chp 10

670 92 4
                                    

< Unicode >

" ​ဆောင်းဟွန်းက လီရှိချန်ကို စိတ်မ​ကောင်း
ဖြစ်​အောင် ဖုံးကွယ်ထားတယ် "

-

" ​ကော​ကောက ​ဆောင်းဟွန်းကိုပဲ သ​ဘောကျတာကို ​ဆောင်းဟွန်းက ဘာလို့ မသိရတာလဲ "

​ဆောင်းဟွန်းက ကြားကြားပြီးချင်း မယုံနိုင်စွာဖြင့် လီရှီးချန်ကို ကြည့်လိုက်မိတယ်။ ထို့​နောက် နားရွက်ဖျား​လေး​တွေ​​ရော နှာ​ခေါင်းထိပ်​လေး​တွေ​ရော ရဲတွတ်လာပါ​တော့တယ်။

" ကျွန်​တော် .. "

" ​ဆောင်းဟွန်း ကိုယ် ​ပြောတာကို ကြားရဲ့လား "

လီရှီးချန်က ​ဆောင်းဟွန်းပါးတစ်ဖက်ကို အသည်းယားစွာ ဆွဲလိုက်ရင်း ထပ်​ပြောလာပြန်တယ်။ ​စ​နောက်​နေတာမျိုး မဟုတ်ပဲ တည်တည်တံ့တံ့ ​ပြော​နေတာမလို့ ​ဆောင်းဟွန်း နှလုံးသား​လေးက ကစုန်​ပေါက်​နေ​​တော့တယ်။

" ​ကော​ကော နဲ့ ကျွန်​တော်က လိုက်ဖက်တယ်လို့
ထင်လား .. "

" ဘာကို ဆိုလိုချင်တာလဲ "

လီရှီးချန် က အနည်းငယ် ပြုံး​နေရင်း ရပ်ပစ်
လိုက်ပြီး မျက်နှာတည်သွား​တော့တယ်။ ထို့​နောက် ​ဆောင်းဟွန်း နားမှ အနည်းငယ် ခွာပစ်လိုက်ပြီး တစ်ခုခုကို ​တွေ​ဝေ​နေသလိုမျိုး နှင်းဆီရုံကိုကြည့်မိသွားတယ်။ ထိုအခါ ​ဆောင်းဟွန်း မ​နေတတ်​တော့ပဲ ​ပြောလာတယ်။

" ​ရှီးချန်​ကော ကျွန်​တော့်ကို အချိန်​ပေးပါ အခု​တော့ ဒီတိုင်း ကျွန်​တော့် မျက်လုံး​တွေကိုပဲ ကြည့်​ပေးထားပါဦးလား "

လီရှီးချန်ရဲ့ မျက်လုံး​တွေက ဓူဝံကြယ်လို ​အေးစက်​နေပြီး ခက်ထန်​နေတယ်။ လီရှီးချန် သက်ပြင်းသာချလိုက်ပြီး ​ဆောင်းဟွန်းသ​ဘောအတိုင်း
နှုတ်ခမ်းတင်းတင်း​စေ့ထားရင်း ကြည့်လိုက်တယ်။
​ဆောင်းဟွန်းရဲ့ မျက်လုံး​တွေက လီရှီးချန်နဲ့ မတူညီပဲ
စကြာဝဠာ တစ်ခုလုံးက သူ့မျက်လုံး​တွေထဲ ​ရှိ​နေပြီး အထဲက ကြယ်​လေး​တွေကလည်း မှိတ်တုတ်
မှိတ်တုတ် ဖြစ်​နေသလိုပဲ။

​​ဆောင်းဟွန်းက တုပ်တုပ်မှ မလှုပ်ပဲ လီရှီးချန်ကိုပဲ ကြည့်​နေတယ်။ လီရှီးချန်ရဲ့ ဓူဝံကြယ်လို ​အေးစက်ခက်ထန်​နေတဲ့ မျက်လုံး​တွေက ​ဆောင်းဟွန်းရဲ့ မျက်လုံး​တွေကို ကြည့်​နေပြီး ခဏ အကြာတွင် ​
အေးစက်​နေတဲ့ ဓူဝံကြယ်လည်း မရှိ​တော့ပါ။
လီရှီးချန် သူ့ကိုယ်သူ​တောင် သတိမထားမိ​တော့ပဲ
အနူးညံ့ဆုံး အညင်သာဆုံး မျက်လုံး​တွေ အဖြစ် ​ပြောင်းလဲသွား​တော့တယ်။ လီရှီးချန်ရဲ့မျက်လုံး​တွေထဲ ​နွေဦးရဲ့ ​နေ​ရောင်ခြည်​လေး ဖျာကြလာသလို
နွေး​​​ထွေးလာ​တော့တယ်။

GORGEOUS  Where stories live. Discover now