< Unicode >
" ကောကောကို မင်းက အသေသတ်နေသလိုပဲ "
-
လီရှီးချန် က မျက်မှောင်ကြုတ်လွန်းလို့ မျက်ခုံးနှစ်ခုကြား အရေပြားတွေပါ တွန့်ကုန်တော့မှာကို စိုးရိမ်နေရတယ်။ ဆောင်းဟွန်းကမူ ယဲ့ယဲ့လေးသာ ပြုံးနေပြီး အေးတိအေးစက်နိုင်တဲ့ လေထုကြီးထဲ ကြိုဆိုနေတယ်။
ဘယ်သူက ပြောနိုင်မှာလဲ။ ရုတ်တရက်ကြီး
လီရှီးချန်ရဲ့အဖိုးဖြစ်သူက ပြန်ရောက်လာမယ်လို့လေ။ ဒါနဲ့ပတ်သက်ပြီး လီရှီးချန်က မူမမှန်တာကို သေသေချာချာကို သတိထားမိနေတာကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိနေတယ်။သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရိပ်မိလောက်မှာ မှန်ပေမယ့် တကူးတကကြီး အဖိုးကို တိုင်စရာတော့ မလိုနေဘူးမလား .. ။ သူနဲ့ ဆောင်းဟွန်း အခြေအနေကို သိနေပြီးသားမလို့သာ အလုပ်တွေကို ပစ်ခဲ့ပြီး ပြန်လာခဲ့တယ်ဆိုတာကို လီရှီးချန် သိနေပါတယ်။
-
" ပတ်ဆောင်းဟွန်း မတွေ့တာ ကြာပြီပဲ ဒီနှစ်တွေအတွင်း မင်း ကောင်းကောင်းနေခဲ့ပုံပေါ်တယ်
မိုးနတ်မင်းက မင်းကို ကောင်းချီးတွေ ပေးထားပုံပဲ "ဆောင်းဟွန်းဟာ ပြုံးပြလိုက်လျက်
" ကျေးဇူးတင်ပါတယ် "
" အားချန် ဘာကြည့်နေတာလဲ အဖိုးဖြစ်သူအတွက်
လက်ဖက်ရည် ပြင်ဆင်ပေးရမယ်လေ "" ပတ်ဆောင်းဟွန်းကတော့ အပြင်လူမလို့
ခဏလောက် ရှောင်ပေး "" နားလည်ပါပြီ "
လီရှီးချန်က ရုတ်ချင်းဆိုသလို ပျက်ယွင်းသွားတဲ့ မျက်နှာကို မထိန်းသိမ်းနိုင်ခဲ့ဘူး။ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်မိသွားလျက် ထွက်သွားတဲ့ဆောင်းဟွန်း ကျောပြင်ကို ကြည့်နေမိတယ်။
အဖိုးဖြစ်သူ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ရှောင်ခိုင်းတာ .. ဆောင်းဟွန်းက အပြင်လူမှ မဟုတ်ပဲ။" အားချန် .. ငါ မင်းကို လွှတ်ထားမိတာ များသွားသလား "
အေးစက်အက်ရှတဲ့ အသံတစ်ခုဟာ နားထဲဝင်လာတဲ့အခါ လီရှီးချန် က သက်ပြင်းတစ်ချက်ချလိုက်ပြီး
YOU ARE READING
GORGEOUS
Fanfiction" Whisky on ice , sunset and vine SungHoon has ruined my life by not being mine " [ Li Xicheng & Park Sunghoon ]