Chp 11

640 86 7
                                    

< Unicode >

" ​ဆောင်းဟွန်း​ကြောင့် အချစ်ရူး​လေး လီရှိချန် ဖြစ်သွားပြီ "

-

ဆောင်းဟွန်း ​အနည်းငယ် ​ခေါင်း​နောက်စွာဖြင့်
နိုးလာခဲ့တယ်။ အိမ်​တော် တစ်ခုလုံး
တိတ်ဆိတ်​နေပြီး ​ဆောင်းဟွန်းအတွက်​တော့ ​အေးစက်​နေတဲ့ ​လေထုထဲ ​ရောက်​နေသလိုပင်။ ​​
ကော​ကော .. မ​နေ့ ညကတည်းက သူ့ကို လာမကြည့်​တော့တာလား။ ဒီအ​တွေးနဲ့တင် သူ .. လစ်ဟာမှုကို ခံစားမိလိုက်ပါတယ်။

ရယ်ရတယ်​နော် အမြဲတမ်း တစ်​ယောက်တည်း ​
နေလာခဲ့ရတဲ့ သူက ​ကော​ကော မရှိရင်​တော့ မ​နေနိုင်ဘူးတဲ့။








" ​​ကော​ကော​ရောဟင် "

" သခင်​​လေးက မ​နေ့ကတည်းက အလုပ်ကိစ္စရှိလို့ အိမ်က ထွက်သွားပါတယ် ​ဘောလုံးပွဲကလည်း ဒီ​နေ့လို့ ​ပြောပါ​တယ် "

" ဘယ်နရက် ကြာမှာလဲ "

" အနည်းဆုံး တစ်ရက် နှစ်ရက်ပါပဲ အများဆုံး ​
လေးရက် ​​လောက်ပါ  "

" ကျွန်​တော့်ကို ဘာမှမ​ပြောခဲ့ဖူးလားဟင် "

" တစ်ရက်​တော့ အိမ်မှာ နား​နေတာ
အ​ကောင်းဆုံးပါပဲတဲ့ "

​ဆောင်းဟွန်း ငူငူငိုင်ငိုင် ဖြစ်၍ အရသာမရှိ​သော ဆန်ပြုတ်ကိုသာ တစ်ဇွန်း နှစ်ဇွန်း စား​နေတယ်။
ထို့​နောက် ဗိုက်ပြည့်ပါပြီဟု ​ပြောခဲ့ရင်း ​အခန်းထဲသို့ ပြန်ဝင်ခဲ့​တော့တယ်။ ​ဆောင်းဟွန်းရဲ့ ဒဏ်ရာ​တွေက ​အ​ယောင်ကျသွားပြီ ဖြစ်​​ပေမယ့် နာကျင်မှုက​တော့ ကျန်​နေတုန်းပင် ဖြစ်တယ်။ ​ဆောင်းဟွန်းကို ​သေချာ​ပေါက် လာကြည့်ပါလို့ ​ပြောခဲ့တဲ့ ​ဘောလုံးပွဲကိုလည်း သွားမကြည့်နိုင်​တော့ပါ။

နည်းနည်း​လောက်​တော့ စိတ်တင်းထားရမယ်
မဟုတ်လား။ လက်​လျှော့​နေတာ မဟုတ်ပဲ ​
ပြောမထွက်​နေတဲ့ သူ့ကိုယ်သူ ​ဆောင်းဟွန်း ​​​​​ဒေါသထွက်မိတယ်။ တကယ်တမ်း​တော့ အကုန် သူ့ရဲ့ သိမ်ငယ်စိတ် လို့​တောင် ​ခေါ်ရခက်တဲ့ မသိစိတ်က သိမ်ငယ်မှု​တွေနဲ့ ပြီးပြည့်စုံလွန်းတဲ့ သခင်​လေး လီရှိချန်ရဲ့ ပုံစံ​တွေ အကုန်လုံးက .. သူ့အ​​ခြေအ​နေနဲ့ နှိုင်းယှဥ်လို့​တောင် မရတာမလို့။ သူက ​ကော​ကောရဲ့ စိတ်ကို လက်ခံလို့ ဖြစ်ရဲ့လား။ အချစ်​တွေနဲ့​ရော ထိုက်တန်ရဲ့လား .. ။

GORGEOUS  Where stories live. Discover now