< Unicode >
" ဆောင်းဟွန်းက ခံစားချက်တွေ သိုဝှက်ထား
ပေမယ့် မျက်လုံးတွေကတော့ မလိမ်နိုင်ဘူး "-
အေးစက်နေတဲ့ ရေတစ်ခွက်ကို သောက်လိုက်တဲ့အခါ ဦးနှောက် သွေးခဲသွားသလို ခံစားလိုက်ရတယ်။ လီရှီးချန်အတွက် ဦးနှောက်တင်မက တစ်ကိုယ်လုံး ဂနာမငြိမ်တာတော့ အရူးတစ်ယောက်
လိုပါပဲ။ ဘာလို့လဲ အဲ့ဒါ ဘယ်သူလဲ။ တကယ်ပါပဲ လီရှီးချန် ဆတ်ဆတ်ထိမခံ ဖြစ်နေတယ်။ဆိုဖာပေါ် လှဲအိပ်ရင်း ပြန်ထတယ်။ ထရင်း လမ်းလျှောက်တယ်။ ငြိမ်ငြိမ်နေမရတော့လို့ ရုတ်တရက် စာတွေ ပြေးကျက်ပစ်တယ်။ ဒါလည်း
မရပါဘူး။ လီရှီးချန် ရဲ့ စိတ်တွေက ခုနက မြင်ကွင်းထဲ ရာနှုန်းပြည့် အာရုံစိုက်မိနေတယ်။ ဘာမှမဆိုင်ပေမယ့် သိချင်တယ် သိချင်လို့ ရူးတော့မယ်။" သခင်လေး ဆောင်းဟွန်းကို စောင့်နေတာ
နေမယ် "" လုံးဝ မစောင့်နေဘူး ပြီးတော့ သူပြန်လာရင်
ပြော "မစောင့်နေပေမယ့် ပြန်လာရင် ပြောတဲ့။
လီရှီးချန် ပြောသွားတာတွေက အရူးလိုပါပဲ။
စာမရသေးတဲ့ ကလေးတစ်ယောက်က စာမေးခံ
ရခါနီး လုပ်နေသလိုတွေ။စိတ်ပြေအောင် ရေချိုး၍ စိုနေသေးသော ဆံပင်တွေဖြင့် အိပ်ရာပေါ် လှဲအိပ်ပစ်လိုက်တော့တယ်။ ပူလောင်နေတဲ့ ဒီ ခံစားချက်ကြီး လီရှီးချန် မကြိုက်ပါဘူး။ မှေးတေးတေးလေး ဖြစ်နေတုန်း တံခါးခေါက်သံ ကြားလာရတာမလို့ အိပ်ရာပေါ်မှ ထကာ စူးရှရှ အကြည့်တွေနဲ့ သခင်လေး လီရှီးချန် ပုံစံကို ချက်ခြင်း ပြောင်းပစ်လိုက်တယ်။
" ကောကော ကျွန်တော့်ကို စောင့်နေတယ် ဆိုလို့ "
" ကျောင်းကို ဘာနဲ့သွားလဲ ဘာနဲ့ပြန်လဲ "
" ဆိုင်ကယ်နဲ့ပါ ကောကော "
" မင်း ဒါတောင် မတွေးတတ်ဖူးလား ငါ့ဖိုးဖိုးက
မင်း ထိခိုက်မှာတောင် စိုးရိမ်တာ မင်းက ဘာလို့ မဆင်မခြင် လုပ်ရတာလဲ ဆိုင်ကယ်မှောက်ရင် ဘယ်လို လုပ်မလဲ နားလည်လား နောက်ရက်က စပြီး ငါနဲ့လိုက်ခဲ့ အသွားရော အပြန်ရော "
YOU ARE READING
GORGEOUS
Fanfiction" Whisky on ice , sunset and vine SungHoon has ruined my life by not being mine " [ Li Xicheng & Park Sunghoon ]