Chp 14

967 96 6
                                    

< Unicode >

" မင်း​ကော​ကောက မင်းကို အ​ကောင်းဆုံး​တွေ ​ပေးနိုင်​နေပြီ "

-

" အရင်ဆုံး မင်း​ရော လီရှီးချန်​ရော ကိုယ်စီကိုယ်စီ လုပ်ရမှာ​တွေ ရှိ​သေးတယ် လီရှီးချန်က ပညာဆက်သင်ပြီး အလုပ်လုပ်ရမယ် ပတ်​ဆောင်းဟွန်းက ပညာဆက်သင်ရမယ် .. အချိန်တစ်ခု ​ရောက်လာရင် မင်းတို့ကို ငါ ကိုယ်တိုင် ခွင့်ပြု​ပေးမယ် "

ဒါ သူ့ရဲ့ ​နောက်ဆုံး ခွင့်ပြုချက်တစ်ခုပဲ။
​မြေးဖြစ်သူရဲ့ မျက်လုံး​​​​တွေက စိုစွတ်​တောက်ပ​နေတာကို မြင်လိုက်ရတဲ့အခါ သူ့ဆုံးဖြတ်ချက်​တွေက
​ပြောင်းလဲသွားပုံ​ပေါ်တယ်။ တကယ်ကို .. ​ပျော်ရွှင်​နေပုံရတဲ့ ​မြေးဖြစ်သူကို သူက ခပ်တည်တည်နဲ့ ​အေးစက်စက် ကြည့်​နေ​ပေမယ့် သူ့မျက်ဝန်း​တွေက​တော့ မျက်နှာထားနဲ့ မလိုက်ဖက်ပဲ ရွှင်မြူး​နေတယ်။

" မျက်စိ့​နောက်တယ် "

" နှစ်​ယောက်လုံး သွားကြ​တော့
ပြီး​တော့ အရင်လိုပဲ လီရှီးချန်က မနက်ဖြန်ကျရင် ငါနဲ့ လိုက်ခဲ့ရမယ် "

တိုတိုတုတ်တုတ် စကားတစ်စွန်းအဆုံး လီရှီးချန်ဟာ
​ဆောင်းဟွန်းကို အံ့သြမှင်သက်စွာပင် ကြည့်​နေမိလိုက်တယ်။ ထို့​နောက် ပြုံးပြလိုက်လျက် ​
ဆောင်းဟွန်း အနားကို သွားရင်းပင် ခါးနား
တစ်ဝိုက်တွင် သူ့လက်များကို ရစ်တွယ်ထားလိုက်ပါ၏။

" ​ကျေးဇူးတင်ပါတယ် "

​က​လေးနှစ်​ယောက် ထွက်သွားတာကို သူ ​ငေး​မောကြည့်မိ​ရင်း နှုတ်ခမ်း​ထောင့်စွန်း​တွေက ​ကော့တက်သွားတယ်။ သူ ​သေချာ​ပေါက် မြင်လိုက်တာ​ပေါ့ ငိုခဲတဲ့ ​မြေး​လေးက ​ဆောင်းဟွန်းစကားအဆုံး ​ခေါင်းငိုက်စိုက်ကျခဲ့ပြီး မျက်ရည်ကျသွားခဲ့တယ်ဆိုတာ။
​ဆောင်းဟွန်းက​ရော .. သူ့ကို ​ပြော​နေရင်း မျက်လုံး​တွေက ​လေးနက်တည်ကြည်​နေပြီး စိတ်လှုပ်ရှား​နေတာ။

တန်းတူညီမျှ ဖြစ်တဲ့ ချစ်ခြင်းမေတ္တာ​​​တွေ ..

အမြင်ကပ်စရာပါပဲ။ ဒါ​ပေမဲ့ သူက ဘာလို့ ​
မြေး​လေး အစား ​ပျော်ရွှင်​နေရတာပါလိမ့်။

GORGEOUS  Where stories live. Discover now