Chp 4

923 115 12
                                    


< Unicode >

" ကြောင်လေးတစ်ကောင် နာသွားတယ် သူ့သခင်လဲ စိတ်ဆိုးသွားတယ် "

-

ရုတ်ရုတ်သည်းသည်း ဖြစ်နေတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ ခြေလှမ်းတွေကြောင့် လီရှီးချန် မှောက်အိပ်နေရာမှ နိုးလာတယ်။ လီရှီးချန်က အခန်းထဲမှာ ရရင် ရသလို အိပ်လေ့ရှိတယ်။ အခုလည်း ဒီလိုပါပဲ ။ ပွယောင်းယောင်း ဆံပင်တွေနဲ့ မျက်မှောင်ကြုတ်ထားတဲ့ သခင်လေး လီရှီးချန်က နေရောင် ခပ်စူးစူးဝင်နေတဲ့ ပြတင်းပေါက် နားမှာ ထိုင်နေတာ ကြည့်လို့ကောင်းတယ်။

သို့ပေမယ့် လီရှီးချန်ကို အလန့်တကြား ဖြစ်စေတာတော့ ရန်ဖြစ်နေတဲ့ ကျောင်းသားတွေရဲ့ မြင်ကွင်းကြောင့်ပဲ။ ဆိုးဆိုးဝါးဝါးပါပဲ ဘောလုံးကွင်းထဲ
ထိုးနှက်နေတဲ့ ကျောင်းသားတွေက သွေးသံတရဲရဲ။ ပိုဆိုးတာက အဲ့ဒီ ကျောင်းသားတွေထဲ ဆောင်းဟွန်း ပါနေတာပဲ။

ကျောင်းကိစ္စတွေကို စိတ်မဝင်စားတဲ့ လီရှီးချန်တစ်ယောက် ဘောလုံးကွင်းထဲ အပြေးအလွှား ရောက်လာတဲ့အခါ တစ်ကျောင်းလုံးကို ပိုတောင် အံ့ဩစေသေးတယ်။ လီရှီးချန်ရဲ့ မျက်လုံးတွေကတော့ တစ်ဦးတည်းသော သူ စီမှာပါပဲ ။ စိုးရိမ်တကြီး နဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးလှလှလေးတွေ။

ချွေးတွေ စိုရွဲနေတဲ့ ဆံပင်တွေရယ် သွေးတွေ အဆက်မပြတ် ထွက်နေတဲ့
နှုတ်ခမ်းထောင့်စွန်းတွေရယ် နီရဲနေတဲ့ လက်ဆစ်လေးတွေရယ် ရစ်ဝိုင်းနေတဲ့ မျက်ရည်ကြည်လေးတွေရယ်နဲ့ လီရှီးချန်ကို အားကိုးတကြီး စိုက်ကြည့်လာတာကြောင့် လီရှီးချန် ဒေါသ ထွက်သွားရတယ်။ ဘယ်သူက ဒီ ကလေးကို ဒီလို ဖြစ်အောင် လုပ်ရ
သလဲ။





" ဆောင်းဟွန်း "

" လွှတ် အဲ့ကောင်ကို ဒီနေ့အသေထိုးမှာ သေအောင် သတ်မှာ "

ကျောင်းသား အပေါ်ကနေ ခွရက်သားနဲ့ အဆက်မပြတ် ထိုးနေတဲ့ ဆောင်းဟွန်းကို လက်မောင်းမှ မပြီး အားဖြင့် ဆွဲထူသောအခါ ရုန်းကန်နေရင်း ဒေါသတကြီး ပြောလာတယ်။
ပထမဆုံးပဲ ဆောင်းဟွန်းရဲ့ ဒီပုံစံက ပထမဆုံးပဲ။

GORGEOUS  Where stories live. Discover now