Chp 7

753 117 6
                                    

Unicode

" ကိုယ့်နှလုံးသားထဲမှာ မင်းကို သိမ်းထားပစ်လိုက်ပြီ "

-

" ရယ်ရတယ်နော် ကောကော အမှန်တိုင်း ပြောရရင် ကျွန်တော် ဒီအခြေအနေကို လုံးဝ မနှစ်သက်ဘူး "

" ဘာ အခြေအနေလဲ "

" မနေ့ညက အဲ့လို နမ်းခဲ့ပြီး အခုကျမှ မသိချင်ယောင်ဆောင်နေတဲ့ အခြေအနေ "

ပတ်ဆောင်းဟွန်းက သူ့ကို ဘာဖြစ်စေချင်နေတာလဲ။ ဆောင်းဟွန်းက သူ့လို လူ မဟုတ်ပဲ မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတဲ့လူလေ။ အခုအချိန်မှ
ဘာဖြစ်လို့ ဒီလိုတွေ ထုတ်ပြောနေရတာလဲ။

လီရှီးချန် အသိစိတ်ပြန်ကပ်နိုင်တဲ့ အချိန်မှာ
ဆောင်းဟွန်း မရှိတော့ မိုးတဖွဲဖွဲရွာနေတဲ့ကြား ပြေးထွက်သွားတာ ခြံအပြင်ထိပါ ရောက်နေပြီမလို့
လီရှီးချန် ဆောင်းဟွန်းနောက် လိုက်ရတော့တယ်။

ဖြူလွှလွှ ရှပ်အင်္ကျီလက်တို ကို ဝတ်ထားရင်း ဘောင်းဘီအနက်ရောင်နှင့် ဆောင်းဟွန်းက တစ်ကိုယ်လုံး ရေတွေစိုရွဲနေပြီ။ သူ့နောက်မှ ပြေးလိုက်လာတဲ့ လီရှီးချန်ကလည်း ရေတွေစိုရွဲနေပြီ။
ဆောင်းဟွန်းကို အားနဲ့အနောက်က ဆွဲလိုက်တဲ့အခါ ဆွေ့ခနဲ ပါလာပြီး လီရှီးချန်ရဲ့ ပုခုံးနဲ့ ဆောင်းဟွန်းရဲ့ နှဖူးနဲ့ပါ ထိမိသွားတယ်။ မိုးရေတွေထဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်းသာ ... ။

" မပြေးနဲ့တော့ အိမ်ပြန်မယ် "

" နေမကောင်း ဖြစ်လိမ့်မယ် "

ဆောင်းဟွန်းရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရင်း မိုးရေ တဖွဲဖွဲထဲ တစ်လှမ်းချင်း လှမ်းခဲ့တယ်။ လီရှီးချန်ရဲ့ ကျောပြင်ကို တစ်စိုက်မတ်မတ် စိုက်ကြည့်ရင်းသာ လိုက်ခဲ့တယ်။ ဆောင်းဟွန်းဖို့တော့ လီရှီးချန် ပိုင်စိုးပိုင်နင်း လုပ်တာ အပြစ်မမြင်သော်ငြား မနေ့ညက ကိစ္စနဲ့ ပတ်သက်ရင်တော့ မကျေနပ်နိုင်သေး။

လီရှီးချန်ကမူ အလေးအနက် ထားနေသော မျက်လုံးတွေဖြင့် ဆောင်းဟွန်းကို လှည့်ကြည့်လာတယ်။ ထို့နောက် ညင်သာသော လေသံဖြင့် စကားတစ်ခွန်းကို ဆိုလာတယ်။ တကယ်ကို ညင်ညင်သာသာလေး ဖြစ်တဲ့အပြင် မိုးစက်တွေကြား ဆောင်းဟွန်းရဲ့ နှလုံးသားကိုပါ ရိုက်ခတ်သွားခဲ့တယ်။

GORGEOUS  Where stories live. Discover now