Chp 5

1K 128 7
                                    

< Unicode >

" လိပ်ပြာ​တွေ ရလာတာကိုက စိတ်ပျက်စရာပဲ "

-

" ငါ့ကို လွမ်းနေခဲ့လားဟင် ဆောင်းဟွန်း "

ဆောင်းဟွန်း ရယ်တယ်။ အမြတ်တနိုးပါပဲ။ 

ပေါင်ပေါ်မှာ အိပ်နေတဲ့ ဂျုံဆောင်းရဲ့ ဆံပင်တွေကို သပ်တင်ပေးနေတယ်။ ပြန်မဖြေတာ မဟုတ်ပဲ ၊
မဖြေချင်တာလဲ မဟုတ်ပါ။ ဆံပင်တွေကို သပ်တင်ပေးရင်း ပါးလေးကို တို့လိုက်တဲ့အခါ ဆောင်းဟွန်းရဲ့ စိတ်တွေ လေးလံလာတော့တယ်။ ရုတ်တရက် သဲမုန်တိုင်းထဲ လမ်းပျောက်နေတဲ့ ခရီးသွား တစ်ယောက်လိုပါပဲ။ 

သူတို့ လက်ရှိ ထိုင်နေတာ ခြောက်သွေ့နေတဲ့ သစ်ကိုင်းတွေ ပြည့်နှက်နေတဲ့ သစ်ပင်အိုကြီး အောက်မှာ ဖြစ်တယ်။ လူသူမရှိတဲ့ ကျောင်းအနီးနားက နေရာတစ်ခုက သူတို့ အမြဲ တွေ့တဲ့နေရာ ဖြစ်တယ်။ ပြောရမယ်ဆိုရင် သူတို့ရဲ့ သူငယ်ချင်းမကျ ချစ်သူမကျ ဆက်ဆံရေး တစ်ခုကလည်း ဒီနေရာမှာပဲ စတင်ခဲ့တယ်။ ချစ်တယ် လို့လည်း တစ်ခွန်းမှ
မပြောခဲ့ကြပါဘူးလေ။ 

အခုကရော ..

အခုတော့ မတူတော့ဘူး။ သူတို့ကြား နေရခက်စေတယ်။ ဘာက နေရခက်စေတာလဲဆိုရင်တော့ ဂျုံဆောင်းကို နားမလည်ပေးနိုင်တဲ့ ဆောင်းဟွန်းရယ် ဆောင်းဟွန်းကို နားမလည်ပေးနိုင်တဲ့ ဂျုံဆောင်းရယ်။ ဆောင်းဟွန်းအတွက် ပင်ပန်းလှတယ်။ သဲမုန်တိုင်းထဲ လမ်းပျောက်နေတယ် ဆောင်းဟွန်းကို စိတ်ပင်ပန်းနေတယ် ထွက်လမ်းကို ရှာမတွေ့သေးပြန်ဘူး။ အိမ်ပြန်ချင်တဲ့စိတ်ကိုလည်း တားမရနိုင်ပါဘူး။

" ငါ – "

" ငါ သိတယ် မင်းငါ့ကို လွမ်းမနေဘူး မင်းက
လီရှီးချန်ကိုပဲ တွေးနေတာ မလား ငါနဲ့ တူတူရှိနေတာတောင် မင်းအတွေးထဲမှာ သူပဲလား "

တွေ့လား ဂျုံဆောင်းက စိတ်အပြောင်းအလဲ အရမ်း မြန်တယ်။ ကလေးဆန်တယ်။ ဆောင်းဟွန်း အဖြေကို မစောင့်ပဲ ပြောချင်ရာ ပြောပစ်တယ်။

" ပတ်ဂျုံဆောင်း တော်သင့်ပြီ "

" ဒါဆို ပြော မင်း ငါနဲ့သူနဲ့ ကြား ဘယ်သူ့ကို 
ရွေးမှာလဲ "

GORGEOUS  Where stories live. Discover now